စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ဘက်ခြမ်းက ဒေသခံပြည်သူတွေဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ မုံရွာမြို့က အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ဆန္ဒပြပွဲနဲ့ ပူးပေါင်းပါဝင် ဆန္ဒပြဖို့အတွက် သွားရောက်စဉ် ချင်းတွင်းတံတား(မုံရွာ)အဝင်လမ်းမှာ စစ်တပ်နဲ့ရဲတွေက သွားခွင့်မပေးဘဲ ပိတ်ဆို့တားဆီးခံနေရပါတယ်။
ဒေသခံပြည်သူတွေက မုံရွာကိုသွားခွင့်မရတာကြောင့် ချင်းတွင်းတံတား(မုံရွာ) တံတားထိပ် ယင်းမာပင်မြို့နယ်ဘက်ခြမ်းမှာဘဲ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ နေကြပါတယ်။