ယင်းမာပင်ခရိုင်

January 12, 2022

ယင်းမာပင်ခရိုင်အတွင် မြို့နယ် ၃ ခုကို စစ်ကောင်စီက ရိက္ခာဖြတ်တောက် ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ကနီ၊ ပုလဲ၊ ယင်းမာပင်မြို့နယ်တွေအတွက် စားနပ်ရိက္ခာသယ်ယူတာတွေကို မုံရွာအထွက် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီက ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရိက္ခာဖြတ်နောက်တာတွေကို နိုဝင်ဘာလပိုင်းကတည်းက ပြုလုပ်နေတာဖြစ်ပြီး အခုလို ရိက္ခာဖြတ်တေက်ခံရတာ အချိန်ကြာမြင့်လာတာကြောင့် ဒေသခံတွေ အစားအသောက်နဲ့ ဆေးဝါးတွေ အခက်အခဲရှိလာနေပြီလို့ ဒေသခံရွာတွေက ပြောပါတယ်။

“သူတို့က မုံရွာထဲ ဈေးဝယ်သွားမယ်ဆိုရင် မှတ်ပုံတင်တွေစစ်တယ်။ သူတို့မထင်ရင် ရိုက်နှက်တယ်။ ဖမ်းဆီးတယ်။ အဲဒီလိုဖမ်းပြီး ပိုက်ဆံနဲ့အရွေးခိုင်းတယ်။ နောက်ပြီး မုံရွာက ဈေးဝယ်ပြန်လာပြီဆိုရင် ကားပေါ်မှာ ဆန်အိတ် ၅ အိတ်ထက်ကျော်ရင် အကုန်ချယူတယ်။ ကားတစ်စီးကို တစ်နေ့ တစ်ကြိမ်ပဲ မြို့ထဲအဝင်ခံတယ်။‌ အိမ်ဆောက်သံပစ္စည်းတွေ၊ ဖိုက်ဘာပိုက်တွေဆို လုံးဝကို အသယ်မခံဘူး။ အကုန်ဖမ်းတာ။ ဆေးဝါးဆို ဘာတစ်ခုမှ အသယ်မခံဘူး” လို့ ယင်းမာပင်ခရိုင်အတွင်း သယ်ယူပို့ဆောင်ရေးကားသမားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အခုလို ဖမ်းဆီးတာတွေကို ချင်းတွင်းတံတား အနောက်ဘက်အခြမ်းရှိ ရွှေတောင်ဦးကုန်းအနီးမှာ စစ်ဆေးရေးဂိတ်တစ်ခု၊ ကနီမြို့ဘက်သွားတဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းပေါ်မှာ ဂိတ်တစ်ခု၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေကို သွားရာမှာလည်း စစ်ဆေးရေးဂိတ်တွေ ၅ ခုလောက်ဖွင့်ပြီး စစ်ဆေးတာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေဟာ စားသောက်ကုန်နဲ့ ဆေးဝါးတွေအတွက် မုံရွာမြို့ကို အားကိုးအားထား အမှီပြုဝယ်ယူနေရတာလည်း ဖြစ်ပြီး စစ်ကောင်စီက ရိက္ခာအဖြတ်ခံထားရတဲ့ မြို့နယ်တွေဟာ စစ်ကောင်စီကို ကာလအရှည်ကြာဆုံး လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ မြို့နယ်တွေလည်း ဖြစ်ပါတယ်။

2 weeks Ago

January 10, 2022

အင်အားထောင်ချီပါဝင်သည့်လူထုသပိတ် ယင်းမာပင်ခရိုင်တွင်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း  ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်က ကျေးရွာပေါင်းစုံပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်သပိတ်ကို လူအင်အားထောင်နဲ့ချီနဲ့ ဇန်နဝါရီလ ၉ ရက် ညက ပြုလုပ်ခဲ့ပါတယ်။

သပိတ်မှာ လူအင်အား ၂၀၀၀ ကျော်နဲ့ ပါဝင်ဆင်နွှဲခဲ့တာဖြစ်ပြီး မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီဝင် တဦးနဲ့  ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တစ်ဦးတို့ကလည်း ပြည်သူလူထုထံသို့ နိုင်ငံရေးတရားတွေ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လာရောက်ဟောပြောခဲ့ပါတယ်။ 

အရေးတော်ပုံ အောင်ခြင်း မအောင်ခြင်းဆိုတာက ပြည်သူလူထုအနေနဲ့ တော်လှန်ရေးမှာ ဘယ်လောက်ထိ ပူးပေါင်းပါဝင်နိုင်မှု ရှိမလဲဆိုတာအပေါ် မူတည်နေတာမို့ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်ပေးကြဖို့၊  လက်နက်ကိုင် တော်လှန်ရေးကို လူထုလှုပ်ရှားမှုနဲ့ ပေါင်းစပ်နိုင်ဖို့ ကျေးလက်ဒေသတွေ သာမက မြို့ပြတွေပါ ထကြွသင့်ချိန် ရောက်ရင် တပြိုင်နက်တည်း ထကြွ သိမ်းပိုက်နိုင်ကြဖို့ အခုကတည်းက စိတ်ရော၊ လူပါ ပြင်ဆင်ထားကြဖို့ သပိတ်ခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။

မုံရွာပင်မသပိတ်ကော်မတီဝင်တစ်ဦးက “ လမ်းပေါ်သပိတ်တိုက်ပွဲတွေ ကျနော်တို့အတွက် တကယ်ကိုအရေးပါပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း စပြီးတော်လှန်တဲ့အချိန်ကစပြီး လုထုဟာ လမ်းပေါ်ကိုထွက်ပြီး အာဏာရှင်ကိုအလိုမရှိကြောင်းပြသတယ်။ အဲ့လိုပြသမှုတွေကို ရရင်ရသလို နေရာတိုင်းမှာပြသဖို့လိုပါတယ်။ လမ်းပေါ်လူထုသပိတ်တိုက်ပွဲတွေကြောင့်ပဲ လက်ရှိတော်လှန်ရေးအရှိန်အဝါဟာ အားကောင်းနေတာပါ။ တော်လှန်ရေးရဲ့ တိုးတက်ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လမ်းပေါ်သပိတ်တွေကပဲ မွေးဖွားပေးခဲ့တယ်ဆိုတာကို ပြည်သူလူထုအနေနဲ့ ယုံကြည်ပေးရမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီသပိတ်ဟာ မြို့နယ်သပိတ်တွေကို စစ်ကောင်စီက အကြမ်းဖက်အင်အားသုံးဖြိုခွင်းပြီးနောက်ပိုင်း ပြန်လည်နိုးထလာတဲ့ အင်အားအကြီးမားဆုံးသပိတ်တစ်ခုလည်း ဖြစ်ပါတယ်။

3 weeks Ago
More News
Up