ယင်လပ်

August 9, 2019

ထွက်ပြေးနေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ဆားဘီးယားနိုင်ငံသားအဖြစ် ခံယူ

နိုင်ငံတွင်းကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ဟာ လတ်တလောမှာတော့ ဆားဘီးယားနိုင်ငံသား ဖြစ်လာခဲ့ပြီလို့ သည်နေးရှင်း သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဆားဘီးယားအစိုးရက ယင်လပ်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံခဲ့တယ်လို့ ထွက်ပေါ်လာတဲ့ နိုင်ငံတကာသတင်းတွေကို ကိုးကားကာ ခုလိုဖော်ပြလိုက်ပြီး ဒီသတင်းတွေအပေါ် သူ့ရဲ့ အစ်ကိုဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကလည်း ဟုတ်မှန်ကြောင်း အတည်ပြုလိုက်တယ်လို့ ဆိုပါတယ်။ ဆားဘီးယားအခြေစိုက် သတင်းဌာနတွေမှာတော့ အစိုးရက ယင်လပ်ကို တရားဝင်နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး ပတ်စ်ပို့ထုတ်ပေးခဲ့တဲ့ သတင်းကို သြဂုတ် ၈ ရက်နေ့က အသီးသီး ဖော်ပြခဲ့ကြတာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး ဘဲလ်ဂရိတ်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ သံအရာရှိတွေကတော့ မှတ်ချက်တစုံတရာ မပေးခဲ့ကြပါဘူး။ ဘီဘီစီထိုင်းနဲ့ သက်ဆင် တွေ့ဆုံတဲ့ သတင်းအင်တာဗျူးမှာတော့ သူက သတင်းမှန်ကြောင်း ပြောလိုက်ပြီး သူဟာ ဒေသတွင်းအစိုးရတွေနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး သူကိုယ်တိုင်ကတော့ ၂၀၁၀ ပြည့်နှစ်မှ မွန်တီနီဂရိုးနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှုနဲ့ ပတ်စ်ပို့ရခဲ့တယ်လို့ ပြောပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် မေလ စစ်အာဏာ မသိမ်းခင်ကလေးမှာပဲ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ အထက်တရားရုံးကနေ ဖြုတ်ချထုတ်ပယ်ခဲ့ချိန် မတိုင်ခင်အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ယင်လပ်ဟာ သူမကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုနေစဉ် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက တိုင်းပြည်ကနေ ထွက်ပြေးခဲ့ပါတယ်။ နောက်လတွေမှာတော့ အကြီးအကျယ် ဆုံးရှုံးမှု ဖြစ်စေခဲ့တဲ့ ဆန်အမတော်ကြေး စီမံကိန်းနဲ့ ပတ်သက်လို့ စီမံခန့်ခွဲမှု ညံ့ဖျင်းပြီး အာဏာအလွဲသုံးစား လုပ်မှုနဲ့ ယင်လပ်ကို အထက်လွှတ်တော် တရားရုံးက မျက်ကွယ်ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၀၁ ကနေ ၂၀၀၆ ခုနှစ်ထိ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်း သက်ဆင်ကို နောက်အစိုးရတွေက လာဘ်စားမှုနဲ့ တရားစွဲခဲ့ပြီးနောက် နိုင်ငံကထွက်ခွာကာ ပြည်ပြေးအဖြစ် နေထိုင်နေတာ ဖြစ်ပါတယ်။
Zawgyi Version ထြက္ေျပးေနသည့္ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ယင္လပ္ ဆားဘီးယားႏိုင္ငံသားအျဖစ္ ခံယူ DVB ႏိုင္ငံတြင္းကေန ထြက္ေျပးလြတ္ေျမာက္ေနတဲ့ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ယင္လပ္ဟာ လတ္တေလာမွာေတာ့ ဆားဘီးယားႏိုင္ငံသား ျဖစ္လာခဲ့ၿပီလို႔ သည္ေနးရွင္း သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။ ဆားဘီးယားအစိုးရက ယင္လပ္ကို ႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳ လက္ခံခဲ့တယ္လို႔ ထြက္ေပၚလာတဲ့ ႏိုင္ငံတကာသတင္းေတြကို ကိုးကားကာ ခုလိုေဖာ္ျပလိုက္ၿပီး ဒီသတင္းေတြအေပၚ သူ႔ရဲ႕ အစ္ကိုျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ကလည္း ဟုတ္မွန္ေၾကာင္း အတည္ျပဳလိုက္တယ္လို႔ ဆိုပါတယ္။ ဆားဘီးယားအေျခစိုက္ သတင္းဌာနေတြမွာေတာ့ အစိုးရက ယင္လပ္ကို တရားဝင္ႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳၿပီး ပတ္စ္ပို႔ထုတ္ေပးခဲ့တဲ့ သတင္းကို ၾသဂုတ္ ၈ ရက္ေန႔က အသီးသီး ေဖာ္ျပခဲ့ၾကတာပါ။ ဒီသတင္းနဲ႔ပတ္သက္ၿပီး ဘဲလ္ဂရိတ္အေျခစိုက္ ထိုင္းႏိုင္ငံဆိုင္ရာ သံအရာရွိေတြကေတာ့ မွတ္ခ်က္တစုံတရာ မေပးခဲ့ၾကပါဘူး။ ဘီဘီစီထိုင္းနဲ႔ သက္ဆင္ ေတြ႕ဆုံတဲ့ သတင္းအင္တာဗ်ဴးမွာေတာ့ သူက သတင္းမွန္ေၾကာင္း ေျပာလိုက္ၿပီး သူဟာ ေဒသတြင္းအစိုးရေတြနဲ႔ မိတ္ေဆြျဖစ္ခဲ့ၿပီး သူကိုယ္တိုင္ကေတာ့ ၂၀၁၀ ျပည့္ႏွစ္မွ မြန္တီနီဂ႐ိုးႏိုင္ငံက ႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳမႈနဲ႔ ပတ္စ္ပို႔ရခဲ့တယ္လို႔ ေျပာပါတယ္။ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္ ေမလ စစ္အာဏာ မသိမ္းခင္ကေလးမွာပဲ ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဖြဲ႕စည္းထားတဲ့ အထက္တရား႐ုံးကေန ျဖဳတ္ခ်ထုတ္ပယ္ခဲ့ခ်ိန္ မတိုင္ခင္အထိ ဝန္ႀကီးခ်ဳပ္ျဖစ္ခဲ့တဲ့ ယင္လပ္ဟာ သူမကို ရာဇဝတ္မႈနဲ႔ တရားစြဲဆိုေနစဥ္ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လက တိုင္းျပည္ကေန ထြက္ေျပးခဲ့ပါတယ္။ ေနာက္လေတြမွာေတာ့ အႀကီးအက်ယ္ ဆုံးရႈံးမႈ ျဖစ္ေစခဲ့တဲ့ ဆန္အမေတာ္ေၾကး စီမံကိန္းနဲ႔ ပတ္သက္လို႔ စီမံခန႔္ခြဲမႈ ညံ့ဖ်င္းၿပီး အာဏာအလြဲသုံးစား လုပ္မႈနဲ႔ ယင္လပ္ကို အထက္လႊတ္ေတာ္ တရား႐ုံးက မ်က္ကြယ္ေထာင္ဒဏ္ ၅ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။ ၂၀၀၁ ကေန ၂၀၀၆ ခုႏွစ္ထိ ဝန္ႀကီးခ်ဳပ္ျဖစ္ခဲ့တဲ့ ဆက္သြယ္ေရးလုပ္ငန္းရွင္ေဟာင္း သက္ဆင္ကို ေနာက္အစိုးရေတြက လာဘ္စားမႈနဲ႔ တရားစြဲခဲ့ၿပီးေနာက္ ႏိုင္ငံကထြက္ခြာကာ ျပည္ေျပးအျဖစ္ ေနထိုင္ေနတာ ျဖစ္ပါတယ္။
2 years Ago
Up