ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၅ နှစ်အတွင်း အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးဖြစ်

June 7, 2015

ရွှေ့ပြောင်းမြန်မာကျောင်းသား ၄၄ ဦး တက္ကသိုလ်ဝင်တန်း အောင်မြင်

၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို တနိုင်ငံလုံးက စာစစ်ဌာနအသီးသီးမှာ ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာမှာ ထိုင်း-မြန်မာနယ်စပ်ကနေ ၀င်ရောက်ဖြေဆိုသူ ရွှေ့ပြောင်းမြန်မာကျောင်းသား ၁၆၀ အနက် ၄၄ ယောက် အောင်မြင်ခဲ့တာမို့ အောင်ချက် ၂၇.၅ ရာခိုင်နှုန်း ရှိပါတယ်။ အောင်မြင်ခဲ့သူတွေထဲမှာ ဇီဝဘာသာတွဲ ၂၄ ယောက်နဲ့ ဘောဂဘာသာတွဲ အယောက် ၂၀ ဖြစ်ပြီး ဘောဂဗေဒ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်သူ ၃ ယောက်ပါဝင်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာဖွင့်လှစ်ထားတဲ့ မြန်မာရွှေ့ပြောင်း အထက်တန်းကျောင်းတွေဖြစ်ကြတဲ့ ဆာသူးလေကျောင်း၊ သွေးသစ်ကျောင်းနဲ့ နယ်စပ်ဒေသက ကိုယ်ထူကိုယ်ထကိုယ်ပိုင် အထက်တန်းကျောင်းဖြစ်တဲ့ ထီးမယ်ဝါးခီကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အပြင်ဖြေစနစ်နဲ့ မြ၀တီခရိုင်စာစစ်ဌာနမှာ  ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစခဲ့ပြီး ၀င်ရောက်ဖြေဆိုခဲ့လာတာပါ။ 22509_998317460201672_1664564151527776170_n၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ မြ၀တီမြို့နယ် စာစစ်ဌာနအနေနဲ့ ၀င်ရောက်ဖြေဆိုသူစုစုပေါင်း ၁၀၃၄  ဦးထဲမှာ အောင်မြင်သူ ၂၅၄ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၂၄.၅၆ ရာခိုင်နှုန်းရှိပါတယ်။
6 years Ago

June 6, 2015

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၅ နှစ်အတွင်း အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးဖြစ်

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်တွေကို ဒီနေ့ ထုတ်ပြန်ခဲ့ရာမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အရ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အောင်ချက် ရာခိုင်နှုန်း အကောင်းဆုံးဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အောင်ချက်တွေဟာ ၃၁ ကနေ ၃၅ ရာခိုင်နှုန်းပဲ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၃၇.၆ ရာခိုင်နှုန်းအထိ မြင့်သွားတာပါ။ မနှစ်က ဆိုရင် ၅ သိန်း ၄ သောင်းကျော်မှာ ၁ သိန်း ၇ သောင်းကျော် ပဲ အောင်မြင်ခဲ့ပြီး ဒီနှစ် ဖြေဆိုသူ ၅ သိန်း ၉ သောင်းကျော်မှာ ၂ သိန်း ၂ သောင်းကျော် အောင်မြင်ခဲ့တာပါ။ ဂုဏ်ထူးရသူ အရေအတွက်လည်း သိသိသာသာ ပိုများလာပြီး ဇီဝဗေဒ ဘာသာရပ်မှာ ဂုဏ်ထူး အများဆုံး ရကြတာပါ။ အင်္ဂလိပ်စာကတော့ ဂုဏ်ထူးရသူ အနည်းဆုံးဖြစ်ပြီး စုစုပေါင်း ဂုဏ်ထူးရသူ ၅ သောင်းကျော်မှာ ၁၉၀၀ ကျော်ပဲ ရှိပါတယ်။ 11391109_834122989987686_8768358197035087781_nရန်ကုန်တိုင်းကတော့ ဂုဏ်ထူးရရှိသူ အများဆုံးဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရှင် ၄၀၀ ကျော်အပါအ၀င် စုစုပေါင်း တစ်သောင်းကျော်ရှိတာပါ။ ဧရာဝတီတိုင်းက ၅၁.၇၈ ရာခိုင်နှုန်းနဲ့ အောင်ချက် အကောင်းဆုံးဖြစ်ပြီး ချင်းပြည်နယ်က ၁၇.၈ ရာခိုင်နှုန်းနဲ့ အနိမ့်ဆုံးဖြစ်ပါတယ်။
6 years Ago
Up