အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့တဲ့ အခုနှစ်ရဲ့ ဂရမ်မီ တေးဂီတဆုပေးပွဲမှာ အမေရိကန်အဆိုတော်၊ သီချင်းရေးစပ်သူ တေလာဆွစ်ဖ်တ် (Taylor Swift) ဟာ သူ့ရဲ့ 1989 အယ်လ်ဘမ်နဲ့ အခုနှစ်ရဲ့ အကောင်းဆုံးအယ်လ်ဘမ်ဆု ရရှိသွားပါတယ်။
အဆိုတော် တေလာဆွစ်ဖ်တ်ဟာ ဂရမ်မီတေးဂီတဆုကို ၂ ဆု ဆွတ်ခူးရရှိခဲ့တဲ့ ပထမဆုံး အမျိုးသမီးအဆိုတော် ဖြစ်လာပြီး သူ့ရဲ့ Bad Blood ဆိုတဲ့သီချင်းနဲ့ အကောင်းဆုံး ပေါ့ပ်အဆိုရှင်ဆု၊ အကောင်းဆုံး တေးဂီတ ဗွီဒီယိုဆုတို့ကိုလည်း ဆွတ်ခူးရရှိသွားပါတယ်။
ရက်ပ်အဆိုတော် ကန်းဒရစ်ခ် လာမာ (Kendrick Lamar) ကတော့ တေးဂီတဆု ၅ ဆုရရှိခဲ့ပြီး ဆုအများဆုံး သိမ်းပိုက်သွားပါတယ်။
ဗြိတိန်အဆိုတော် အက်ဒ် ရှိရာရန် (Ed Sheeran) ဟာလည်း သူ့ရဲ့ အပေါက်ဆုံးသီချင်းဖြစ်တဲ့ Thinking Out Loud သီချင်းနဲ့ အခုနှစ်အတွက် အကောင်းဆုံး သီချင်းဆုနဲ့ အကောင်းဆုံး ပေါ့ပ်တေးဂီတ အကောင်းဆုံးဖျော်ဖြေမှုဆု ၂ ခု ရရှိခဲ့ပါတယ်။
5 years Ago