လက်ဆက်စတာစီးတီးအသင်း နည်းပြ ကလောဒီယို ရိုင်နရီက ဒီနှစ်ဘောလုံးရာသီအဆုံးမှာ ၇၉ မှတ်ရဖို့ ပစ်မှတ်ထားကြောင်း ပြောဆိုလိုက်ပါတယ်။
လက်ဆက်စတာစီးတီးအသင်းဟာ ဇန်န၀ါရီ ၁၆ ရက်ညက ပွဲစဉ်မှာ အက်စတွန်ဗီလာနဲ့ တဂိုးစီ သရေကျပြီး ၄၄ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
ပထမရာသီတ၀က်ဖြစ်တဲ့ ဒီဇင်ဘာလအတွင်းမှာ ၃၉ မှတ် ရထားပါတယ်။
"နောက်ထပ်ပစ်မှတ်ကတော့ အမှတ် ၄၀ ထပ် ရဖို့ပါ၊ မလွယ်ကူမှန်း သိပေမယ့် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး" လို့ နည်းပြ ရိုင်နရီက ပြောပါတယ်။
ပရီးမီးယားလိဂ်မှာ ၇၉ မှတ်ရရင် ချန်ပီယံဖြစ်နိုင်ချေ ရှိပေမယ့်လည်း ၇၉ မှတ်နဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်း ၃ သင်းသာ ရှိခဲ့ပါတယ်။
များသောအားဖြင့် ၇၉ မှတ်ရရင် အဆင့် ၄ အတွင်းမှာ ၀င်နိုင်ပြီး ချန်ပီယံလိဂ်မှာ ကစားခွင့်ရတတ်တဲ့ အစဉ်အလာတော့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းဟာ ၈၇ မှတ်နဲ့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
7 years Ago