ယခုအပြောင်းအရွှေ့ရာသီတွင် ပီအက်စ်ဂျီအသင်း ငွေကြေးအများဆုံးသုံးစွဲပြီး စံချိန်တင်

September 11, 2017

ယခုအပြောင်းအရွှေ့ရာသီတွင် ပီအက်စ်ဂျီအသင်း ငွေကြေးအများဆုံးသုံးစွဲပြီး စံချိန်တင်

ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ အခုနှစ် အပြောင်းအရွှေ့ရာသီမှာ ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ပြီး ငွေကြေးသုံးစွဲမှုအများဆုံး ကလပ်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်း တိုက်စစ်မှူး နေမာကို ပေါင် ၁၉၈ သန်းနဲ့ ခေါ်ယူခဲ့သလို မိုနာကို လူငယ်ကြယ်ပွင့် အမ်ဘာပေးကိုလည်း လာမယ့်ရာသီမှာ ပေါင်သန်း ၁၈၀ နဲ့ ခေါ်ယူမှာဖြစ်တာကြောင့် စုစုပေါင်း ပေါင်သန်း ၃၈၀ နဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ သူ့ရဲ့နောက်မှာတော့ ပရီးမီယားလိဂ်ထိပ်သီး မန်စီးတီးအသင်းက ပေါင်သန်း ၂၂၀ နဲ့ ရပ်တည်နေခဲ့ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ဒန်နီလို၊ ဘာနာဒိုဆေးလ်ဗား၊ မန်ဒီ၊ ကိုင်လီဝေါ်လ်ကာ၊ အီဒါဆန် စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။ သူ့ရဲ့နောက်မှာတော့ ချဲလ်ဆီးအသင်းက ပေါင် ၁၈၃ သန်းနဲ့ တတိယနေရာမှာ ရှိနေခဲ့ပြီး မိုရာတာ၊ ဘာကာယိုကို၊ ဒရင့်ခ်ဝါးတား၊ ရူဒီဂါ၊ ဇက်ပါကော်စတာ စတဲ့ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ ဒယ်လိုဖူ၊ နဲလ်ဆင်ဆီမီဒို၊ ပေါ်လင်ဟို၊ ဒမ်ဘီလီ အစရှိတဲ့ ကစားသမားတွေကို ပေါင် ၁၇၃ သန်းအသုံးပြုပြီး ခေါ်ယူနိုင်ခဲ့ပါတယ်။
4 years Ago
Up