ယခုဘဏ္ဍာနှစ်

February 20, 2020

စစ်ကိုင်းတိုင်းဖွံ့ဖြိုးရေးအတွက် ယခုဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း ၂ သိန်းခွဲကျော် သုံးစွဲမည်

စစ်ကိုင်းတိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် ငွေကျပ်သန်းပေါင်း ၂၅၃၀၈၃ ဒသမ ၇ သန်းကျော်ကို သုံးစွဲသွားမယ်လို့ စီမံ/ဘဏ္ဍာဝန်ကြီးရဲ့ စာရင်းတွေအရ သိရပါတယ်။  အဲဒီထဲမှာ သာမန်အသုံးစရိတ်အနေနဲ့ ငွေကျပ်သန်းပေါင်း ၈၉၀၄၃ ဒသမ ၂ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ်အနေနဲ့ ငွေကျပ်သန်းပေါင်း ၁၆၄၀၄၀ ဒသမ ၅၃၇ သန်းရှိပါတယ်။ အဲဒီဘဏ္ဍာငွေတွေကို လမ်းတံတားလုပ်ငန်းအတွက် ၅၃ ဒသမ ၂၉ ရာခိုင်နှုန်းနဲ့ အများဆုံးသုံးစွဲမှာဖြစ်ပြီး မီးလင်းရေးကတော့ ၁၇ ဒသမ ၈၄ ရာခိုင်နှုန်းနဲ့ ဒုတိယအ များဆုံးသုံးစွဲမှာဖြစ်ပါတယ်။  အနည်းဆုံးကတော့ စိမ်းလန်းစိုပြေရေးကဏ္ဍဖြစ်ကာ ၀ ဒသမ ၁၈ ရာခိုင်နှုန်းကိုသာ သုံးစွဲမှာဖြစ်ပြီး ပညာရေး၊ သောက်သုံးရေနဲ့  ရုံးပစ္စည်းကဏ္ဍတွေကလည်း ၁ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့ တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးမှာလည်း စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အစိုးရအဖွဲ့၊ လွှတ်တော်၊ စာရင်းစစ်ရုံးတွေအပြင် တခြားသောဌာနအဖွဲ့အစည်းတွေ စုစုပေါင်း ၂၇ ခုအတွက် အခုဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ အတွက် ဖြည့်စွက်ခွင့်ပြုငွေကျပ်သန်းပေါင်း ၁၆၃၅၇ သန်းကျော်ကို အတည်ပြုပေးဖို့ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာမှာ သာမန်အသုံးစရိတ်အတွက် ဗဟိုအဖွဲ့အစည်း ၃ ဖွဲ့ အတွက် ၁၇၃ ဒသမ ၂ သန်းကျော်၊ ဝန်ကြီးဌာန၊ ဦးစီးဌာန စုစုပေါင်း ၁၂ ဖွဲ့အတွက် ၁၆၁၄ ဒသမ ၈ သန်းကျော်နဲ့ စည်ပင်သာယာရေးအဖွဲ့ ၁ ဖွဲ့အတွက် ၁၃၃ ဒသမ ၉ သန်းကျော် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၁၉၂၁ သန်းကျော်ဖြစ်ပါတယ်။  ငွေလုံးငွေရင်းအသုံးစရိတ်အတွက် ဗဟိုအဖွဲ့အစည်းနှစ်ဖွဲ့အတွက် ၂၁၇၇ ဒသမ ၁ သန်းကျော်၊ ဝန်ကြီးဌာန၊ ဦးစီးဌာနပေါင်း ၆ ဖွဲ့အတွက် ၇၀၇၈ ဒသမ ၇ သန်းကျော်၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်း တခုအတွက် ကျပ်သန်း ၂၀၀၀ နဲ့  စည်ပင်သာယာရေး အဖွဲ့ တဖွဲ့အတွက် ကျပ် ၃၁၈၀ သန်း စုစုပေါင်း ငွေကျပ်သန်းပေါင်း ၁၄၄၃၅ သန်းကျော်ကို တောင်းခံခဲ့တာပါ။  မူလခန့်မှန်းခြေငွေစာရင်းမှာ သာမန်အသုံးစရိတ်အတွက် ရငွေကျပ်သန်းပေါင်း ၄၃၁၆၉ ဒသမ ၅ သန်းကျော်ရှိပြီး သုံးငွေအနေနဲ့ ကျပ်သန်းပေါင်း ၈၉၀၄၃ ဒသမ  ၂ သန်းရှိခဲ့တာကြောင့် ကျပ်သန်းပေါင်း ၄၅၈၇၃ ဒသမ ၆ သန်းကျော် လိုငွေပြခဲ့ပါတယ်။  ငွေလုံးငွေရင်းအသုံးစရိတ်အနေနဲ့ ရငွေမရှိခဲ့ဘဲ သုံးငွေကျပ်သန်းပေါင်း ၁၆၄၀၄၀ ဒသမ ၅ သန်းကျော်ရှိခဲ့ပါတယ်။ စုစုပေါင်း သာမန်နဲ့ ငွေလုံးငွေရင်းအသုံးစရိတ်ရငွေအနေနဲ့ ကျပ်သန်းပေါင်း ၄၃၁၆၉ ဒသမ ၅ သန်းကျော်သာရှိခဲ့ပြီး သုံးငွေမှာတော့ ကျပ်သန်းပေါင်း ၂၅၃၀၈၃ ဒသမ  ၇ သန်းရှိခဲ့တဲ့အတွက် လိုငွေ ကျပ်သန်းပေါင်း ၂ သိန်းကျော်ရှိခဲ့တာပါ။  ဘဏ္ဍာရန်ပုံငွေမှာပါဝင်တဲ့ ဌာနအဖွဲ့အစည်းတွေရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံရာမှာလည်း သာမန်အသုံးစရိတ်အတွက် ငွေကျပ်သန်းပေါင်း ၁၉၂၁ ဒသမ ၉ သန်းကျော်နဲ့ ငွေလုံးငွေရင်းအတွက် ၁၄၄၃၅ ဒသမ ၈ သန်းကျော်စုစုပေါင်း ၁၆၃၅၇ ဒသမ ၈ သန်းကျော်ရှိခဲ့ပါတယ်။ အဲဒီအတွက် မူလခွင့်ပြုငွေနဲ့ မလုံလောက်တာကြောင့်ဆိုပြီး ထပ်မံလိုအပ်တဲ့ ဖြည့်စွက်ခွင့်ပြုငွေကို တောင်းခံခဲ့တာလို့ ဝန်ကြီးက ပြောပါတယ်။  နောက်ဆုံးပြင်ဆင်ထားတဲ့ စာရင်းချုပ်အရ သာမန်ရငွေအနေနဲ့ ကျပ်သန်းပေါင်း ၄၉၃၄၇ ဒသမ ၃ သန်းကျော်၊ ငွေလုံးငွေရင်းရငွေ ၁၈၀ သန်းကျော် စုစုပေါင်းရငွေ ၄၉၅၂၇ ဒသမ ၄ သန်းကျော်ရှိပြီး သုံးငွေအနေနဲ့ သာမန်အသုံးစရိတ် ၉၀၉၆၅ ဒသမ ၁ သန်းကျော်နဲ့ ငွေလုံးငွေရင်း ၁၇၈၄၇၆ ဒသမ ၄ သန်းကျော် စုစုပေါင်း ၂၆၉၄၄၁ ဒသမ ၆ သန်းကျော်ရှိပါတယ်။  ရငွေပေါင်းအနေနဲ့ ၄၉၅၂၇  ဒသမ ၄ သန်းကျော်ရှိပြီး သုံးငွေအနေနဲ့ ၂၆၉၄၄၁ ဒသမ ၆ သန်းကျော်ရှိတဲ့ အတွက် လိုငွေ ကျပ်သန်းပေါင်း ၂၁၉၉၁၄ ဒသမ ၁ သန်းကျော်ရှိနေပါတယ်။ အဲဒီလိုငွေကိုတော့ ပြည်ထောင်စုကနေ ပြန်လည်ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ ဒေသန္တရစီမံကိန်းအနေနဲ့ လယ်ယာနဲ့ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး လူမှုစီးပွားမြင့်မားစေရေး၊ MSME လုပ်ငန်းတွေအားပေးမြှင့်တင်ရေး၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး၊ ခရီးသွားလုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စတဲ့ မူဝါဒတွေ ချမှတ်ထားပါတယ်။
1 year Ago
Up