ယခင်က

December 2, 2017

ယခင်က အာဆင်နယ်ကို အားပေးခဲ့ဟု မန်ယူကွင်းလယ်လူ ပေါ့ဘာ ပြော

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ပေါ့ဘာဟာ တချိန်က အာဆင်နယ်အသင်းကို အားပေးခဲ့သူ တယောက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ ပေါ့ဘာဟာ ပြင်သစ်အသင်းသားတွေ များစွာရှိတဲ့ အာဆင်နယ်အသင်းကို အားပေးခဲ့ပြီးတော့ အမြဲတမ်း ကြီးကျယ်ခမ်းနားတဲ့ အသင်းတသင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရူးရူးမူးမူး ကြိုက်နှစ်သက်ခဲ့တာတော့ မဟုတ်ဘဲ အတော်အတန်တော့ အားပေးခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်အသင်းရဲ့ လက်ရွေးစင်ကစားသမားဟောင်းတွေဖြစ်တဲ့ အွန်နရီ၊ ဗီအဲရာ၊ ပီးရက်စ်တို့ဟာ လေးစားအားကျခဲ့တဲ့ ကစားသမားတွေဆိုတာ အရင်ကတည်းက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ပေါ့ဘာဟာ လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကစားသမား ဖြစ်နေပြီးတော့ အခုညမှာတော့ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာပဲ ဖြစ်ပါတယ်။
4 years Ago
Up