မ​ကွေးမြို့

A d v e r t i s e m e n t With Us

April 14, 2019

မ​ကွေးမြို့နယ်​ ကြို့ပင်​အင်း​ရွာ၌ ​နေအိမ်​ ၃၂လုံး မီး​လောင်​၊ လူ ၁၀၀ ​ကျော်​အိုးမဲ့အိမ်​မဲ့ဖြစ်

မကွေးတိုင်းဒေသကြီး၊ မ​ကွေးမြို့နယ်​၊  ကြို့ပင်​အင်း​ကျေးရွာမှာ ဧပြီ ၁၃ ရက် မွန်းလွဲပိုင်းက မီးကြွင်းမီးကျန်​ကတဆင့် နေအိမ်​ ၃၂ လုံး မီး​လောင်​ဆုံးရှုံးပြီး လူဦး​ရေ ၁၀၀ ​ကျော်​ အိုးမဲ့အိမ်​မဲ့ ဖြစ်​ခဲ့ရပါတယ်။ ကြိုပင်​အင်း​ကျေးရွာက ဦးသိန်းထွန်းရဲ့ ​နေအိမ်​ရှိ မီးဖို မီးကြွင်း မီးကျန်ကတဆင့်မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးနားမှာရှိတဲ့ ​နေအိမ်​​တွေကိုပါ မီးကူးစက်လောင်ခဲ့တာလို့  မ​ကွေးမြိုနယ်​ ဒုမြို့နယ်​ရဲတပ်​ဖွဲမှူး ဒုရဲမှူးစိုးသိန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ မီးကူးစက်​​လောင်​ကျွမ်းခဲ့တဲ့အတွက်​ သွပ်​မိုး၊ ထရံကာ​နေအိမ်​ ၃၂ လုံး ကာလတန်​ဖိုး ငွေကျပ် ၆၄ သိန်​ဖိုးလောက် မီး​လောင်​ဆုံးရှုံးပြီး လူဦး​ရေ ၁၁၅ ဦး​ မီး​ဘေးသင့်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ မီးလောင်မှုကို ညောင်​ကန်​နယ်​​မြေ မီးသတ်​စခန်းက မီးသတ်​တပ်​ဖွဲ့ဝင်​တွေ၊ ဌာနဆိုင်​ရာဝန်​ထမ်းတွေနဲ့ ဒေသခံပြည်​သူတွေက မီးသတ်​ကားနဲ့ ရေသယ်​ယာဉ်​​ တဒါဇင်လောက်နဲ့ဝိုင်းဝန်းငြိမ်းသတ်​ခဲ့ကြရာမှာ ည​နေ ၄ နာရီလောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ တိုင်း မီးသတ်​ဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦး​အောင်​ဝင်းစိန်​က ပြောပါတယ်။ အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး  ကြာကန်​​ကျေးရွာ ​ကျေးလက်​​မြေ ပရဟိတအဖွဲ့ ဦး​ဆောင်​သူ ကို​ဇော်​မင်းထိုက်​က "ကျေးရွာကို ဝင်​တဲ့လမ်းကလည်း ကျဉ်းတဲ့အတွက်​ မီးသတ်​ကား​တွေဝင်​ဖို့ အခက်​ခဲရှိတယ်​။ လူဦး​ရေ ၁၁၅ ​ယောက်​ အိုးမဲ့အိမ်​မဲ့ဖြစ်​ခဲ့တဲ့ အတွက်​ မ​ကွေးတိုင်း​ဒေသကြီး ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနက ဆန်​နဲ့ အသုံး​ဆောင်​ပစ္စည်​​တွေ ​ထောက်​ပံ​ပေးပြီး မ​ကွေးတိုင်း​ဒေသကြီး ကြက်​​ခြေနီအဖွဲ့ကလည်း လာ​ရောက်​​ထောက်​ပံ့သွားတယ်​လို့"​ပြောပါတယ်​။ အဆိုပါမီး​လောင်​မှုဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ မီးစလောင်ခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးသိန်းထွန်းကို ​ညောင်​ကန်​နယ်​​မြေရဲစခန်းက မီး​ပေါ့ဆမှု ရာဇသတ်​ကြီးပုဒ်မ ၂၈၅နဲ့ အမှုဖွင့် အရေးယူ ထားပါတယ်​။ သတင်း/ဓာတ်ပုံ -မင်းထီး
2 years Ago

April 13, 2019

မ​ကွေးမြို့၌ လမ်း​လျှောက်​သင်္ကြန်​ပွဲကျင်းပ၊ မသန်စွမ်းသူများ ပထမဆုံးအကြိမ်ပါဝင်ဆင်နွှဲခွင့်ရ

မကွေးတိုင်းဒေသကြီး၊ မ​ကွေးမြို့ ကမ်းနားလမ်းမှာ ဧပြီလ ၁၃ ရက်​​ သင်္ကြန်​အကြို​နေ့က စတင်​ပြီး ဒုတိယကြိမ်​​မြောက်​ လမ်း​လျှောက်​သင်္ကြန်​ကို စည်​ကားသိုက်​မြိုက်​စွာ ကျင်းပ​နေပါတယ်။ သင်္ကြန်ဟာ နှစ်​​ဟောင်းက အညစ်​အ​ကြေး​တွေကို အတာ​ရေနဲ့ ​ဆေး​ကြောသန့်​စင်​ပြီး နှစ်​သစ်​ကူး​ပြောင်းတဲ့ မြန်​မာ့ရိုးရာ ပွဲ​တော်​တခုဖြစ်ပြီး မြန်မာ့ရိုးရာ အမွေအနှစ်ကို ထိမ်းသိမ်းဖို့ လိုတယ်လို့  မ​ကွေးတိုင်း​ဒေသကြီး လူမှု​ရေးဝန်​ကြီး ​ဒေါက်​တာခင်​​မောင်​​အေးက ပြောပါတယ်။ "​ငွေဖလားမှာ အ​မွှေးနံ့သာရည်​ ထည့်ပြီး သ​ပြေခက်​နဲ့ ​ရေပက်တဲ့ မြန်​မာဓ​လေ့ကို မြင်​​တွေ့ရပြီး၊ တဦးနဲ့တဦး အပြန်​အလှန်​ ​ရေကစားကြတဲ့ အခါ ယဉ်​​ကျေးပျူငှါခြင်း သိမ့်​​မွေ့ခြင်း၊ ရိုးရာအစဉ်​လာထိန်းသိမ်​ခြင်းစတဲ့ ယဉ်​​ကျေးမှု​တွေ ထိမ်းသိမ်းခဲ့ကြပါတယ်​” အခုနှစ်သင်္ကြန်မှာ တိုင်း​ဒေသကြီး အစိုးရက  မသန်​စွမ်းသူ​တွေကို ပါဝင်​ဆင်နွှဲဖို့ ဖိတ်​ခေါ်ခဲ့တယ်လို့လည်းသိရပါတယ်​။ မြန်​မာနိုင်​ငံ မသန်​စွမ်းသူများ ​ရှေ့​ဆောင်​အကူညီ​ပေး​ရေး အဖွဲ့ မ​ကွေးတာဝန်​ခံ ကို​နေစိုးလင်းက “ယခင်​နှစ်​က​တော့ ပါဝင်​နိုင်​ခဲ့ခြင်း မရှိဘဲ ယခုနှစ်​ ရိုးရာ လမ်း​လျှောက်​ သင်္ကြန်​မှာ ပထမဦးဆုံး ပါဝင်​ဆင်​နွဲခွင့်​ရတာပါ။ အခုလို လမ်း​လျှောက်​ သင်္ကြန်​ ကျင်းပတာဟာ အန္တရာယ်​ကင်း၊​ ဘေးရှင်းပြီး ထိခိုက်​မှုနည်းပါးကာ ရင်းနှီးမှုလည်း ပိုမိုရရှိတဲ့အတွက်​ လမ်း​လျှောက်​သင်္ကြန်​ကို နှစ်​စဉ်​ ကျင်းပ​စေချင်​တယ်​လို့" ပြောပါတယ်​။ အရှိုချင်းတိုင်းရင်းသူ​လေး မိုင်​ပန်းအိဖြူက​တော့"လမ်း​လျှောက်​သင်္ကြန်​မှာ ပါဝင်​ဆင်​နွဲဖို့ အရှိုချင်း တိုင်းရင်းသူ​တွေကို ဖိတ်​ကြားခံရတဲ့ အတွက်​ အရမ်း​ပျော်​ရွှင်​မိပါတယ်​။ အရှိုချင်းတိုင်​ရင်းသူ ၄၈ ဦးလောက်  မ​ကွေးမြို့ လမ်း​လျှောက်​သင်္ကြန်​မှာ ပါဝင်​ဆင်​နွဲ့​နေကြတာပါ။ ချင်းဝတ်​စုံဝင်​ဆင်​ပြီး ပါဝင်​ခွင့် ရတာ ပထမဆုံး အကြိမ်​ဖြစ်​တယ်​လို့"​ပြောပါတယ်​။ လမ်း​လျှောက်​သင်္ကြန် လာ​ရောက်​ဆင်​နွှဲ သူ​တွေအတွက်​ ​နေ့စဉ်​ စတုဒိသာ ​ကျွေး​မွေး ဧည့်​ခံသွားမယ်​လို့ မ​ကွေးမြို့နယ်​ စည်​ပင်​သာယာ​ရေး​ကော်​မတီကသိရပါတယ်​။ မ​ကွေးမြို့​ပေါ် မှာ လမ်း​လျှောက်​ သင်္ကြန်​အပြင်​ ဗဟိုမဏ္ဍပ်နဲ့   မြို့​ပေါ် ရပ်​ကွက်​​တွေမှာလည်း ​ရေကစား မဏ္ဍပ်​(၁၂) ခုနဲ့ အထူးစည်​ကားစွာ ကျင်းပနေပါတယ်​ လမ်း​လျှောက်​ သင်္ကြန်​ ဖွင့်ပွဲကိုတော့ မ​ကွေးတိုင်း​ဒေသကြီးလူမှု​ရေးဝန်​ကြီး ​ဒေါက်​တာခင်​​မောင်​​အေး၊ လယ်​ယာစိုက်​ပျိုး​ရေးနှင့်​ဆည်​​မြောင်​ဝန်​ကြီး ဦးဝင်း​မော်​ဌေး၊ လုံခြုံ​ရေးနှင့် နယ်​စပ်​​ရေးရာဝန်ကြီး ဗိုလ်​မှူးကြီးမင်းဦးနဲ့ အစိုးရအဖွဲ့ တာဝန်​ရှိသူ​တွေနဲ့ ဌာနဆိုင်​ရာဝန်​ထမ်းတွေ တက်​​ရောက်​ဖွင့်​လှစ်​ခဲ့တာပါ။   သတင်း-မင်းထီး
2 years Ago
More News
Up