မ​ကွေးတွင် လင်းယုန်​စီမံချက်​ဖြင့် မူးယစ်​​နှင့်ခိုးဆိုးလုနှိုက်​မှုများ ​လျော့နည်း​ရေး လုပ်မည်

September 2, 2018

မ​ကွေးတွင် လင်းယုန်​စီမံချက်​ဖြင့် မူးယစ်​​နှင့်ခိုးဆိုးလုနှိုက်​မှုများ ​လျော့နည်း​ရေး လုပ်မည်

မ​ကွေးတိုင်း မ​ကွေးမြို့မှာ မြန်​မာနိုင်​ငံ ရဲတပ်​ဖွဲ့က စက်​တင်​ဘာ ၁ ရက်​​နေ့ကစပြီး လင်းယုန်​စီမံချက်​နဲ့ မူးယစ်​​ဆေးဝါးနဲ့ ခိုး၊ ဆိုး၊ လု၊ နှိုက်​ ဒုစရိုက်​မှု ​လျော့နည်း​ရေး ​ဆောင်​ရွက်​သွားမယ်​လို့ မ​ကွေးမြို့နယ်​ ရဲတပ်​ဖွဲ့က သိရပါတယ်​။ မ​ကွေးမြို့နယ်​ ရဲတပ်​ဖွဲ့မှူး ရဲမှူး​ငွေတင်​က "မ​ကွေးမြို့​ပေါ်မှာ ၃ ရပ်​ကွက်​ကို ရဲကင်း တခုနှုန်း နဲ့ ရဲကင်း ၆ ခုဖွင့်မယ်​၊ ည​နေ​ခြောက်​နာရီကစပြီး တံတားအဝိုင်း၊ အထက ၃ လမ်းဆုံ၊ ကြာပန်းအဝိုင်းလမ်းဆုံ၊ ​အောင်​​မေတ္တာ အဝိုင်းတို့မှာ တုတ်​၊ ဓား၊ လက်​နက်​​တွေ မကိုင်​​ဆောင်​​အောင်​ ပိတ်​ဆို့ရှာ​ဖွေတာ​တွေ လုပ်​မယ်​၊ မူးယစ်​​ဆေးဝါး လမ်း​ကြောင်း​တွေလည်း တားဆီးပြီးဖြစ်​တယ်​။ ဒီစီမံချက်​မှာ မိတဲ့သူ​တွေကိုလည်း ထိထိ​ရောက်​​ရောက်​ အ​ရေးယူမှာဖြစ်​တယ်​။ ပြည်​သူ​တွေကို အသိ​ပေးချင်​တာက ညဘက်​သွားလာတဲ့အခါ တုတ်​၊ဓား၊ လက်​​နက်​​တွေ မကိုင်​ကြဖို့၊ မူးယစ်​​သောက်​စားတာ​တွေ မလုပ်​ဖို့​ ပြောချင်​တယ်​" လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ ဌာနဆိုင်​ရာအဖွဲ့ စုံနဲ့ ပိတ်​ဆို့၊ ရှာ​ဖွေ၊ ဖမ်းဆီးတာ​တွေအပြင်​ ပညာ​ပေးတာ​တွေလည်း လုပ်​​ဆောင်​မယ်လို့ ဆိုပါတယ်။ “ညဥ့်ဦး၊ ညဥ့်နက် ​လှည့်ကင်း ပုံမှန်​ ၃ ဖွဲ့ရှိမယ်​။ ရဲအင်​အား များများသုံးပြီး ကွက်​ပြည့် နင်းမှာဖြစ်​တယ်​။ ပြည်​သူ​တွေ အ​နေနဲ့လည်း ပူး​ပေါင်း ပါဝင်​လိုက်​နာကြဖို့ လိုပါတယ်​။” မ​ကွေးတိုင်းအတွင်းမှာ မှုခင်းအဖြစ်​အများဆုံး ​မ​ကွေးမြို့နယ်​နဲ့ ​တောင်​တွင်းကြီးမြို့နယ်​​တွေမှာ စီမံချက်​ချပြီး စက်​တင်​ဘာ ၃၀ ရက်​​နေထိ ​ဒုစရိုက်​မှု​တွေ ​လျော့နည်း​အောင်​ ​ဆောင်​ရွက်​မယ်​လို့ မ​ကွေးမြို့နယ်​ရဲတပ်​ဖွဲ့က သိရပါတယ်​။   သတင်း-မင်းထီး
3 years Ago
Up