မ​ကွေးတိုင်းပြည်​သူ့​ဆေးရုံကြီးတွင် ဝန်​ထမ်းအင်အား မလုံလောက်၍ အခက်ကြုံ

September 5, 2018

မ​ကွေးတိုင်းပြည်​သူ့​ဆေးရုံကြီးတွင် ဝန်​ထမ်းအင်အား မလုံလောက်၍ အခက်ကြုံ

မ​ကွေးတိုင်း ပြည်​သူ့​ဆေးရုံကြီးမှာ လူနာများပြီး ဝန်​ထမ်းအင်အား မလုံလောက်တဲ့ အတွက်​ အခက်​ကြုံ​နေတယ်​လို့  ဆေးရုံအုပ်​ကြီးက​ ပြောပါတယ်။ ​တိုင်း​ဆေးရုံအုပ်​ကြီး ​ဒေါက်​တာမြတ်​စိုးက "တိုင်း​ဆေးရုံဆို​ပေမယ့် ကုတင်​ ၂၀၀ ဆံ့သာရှိတယ်​။ လူနာက တနေ့ကို ​၅၀၀ ခန့်​ရှိတယ်​။ အောက်​​ခြေ အငယ်​တန်း သန့်​ရှင်း​ရေး ဝန်​ထမ်း​ တော်​​တော်​အားနည်းပါတယ်​။ ဝန်​ထမ်းအင်​အား ​လေးဆယ်​​ကျော်​​လောက်​ပဲရှိတဲ့ အတွက်​ ဘယ်​လိုမှ မလုံ​လောက်​ဘူး၊ အလုပ်​ဆိုက်​တခုမှာ ​လေးငါး​ယောက်​ပဲ သုံးနိုင်​တယ်​။ ဝန်​ထမ်း မလုံ​လောက်​​တော့ သန့်​ရှင်း​ရေးမှာ အားနည်းတယ်​၊ လုံခြုံ​ရေးဝန်​ထမ်းလည်း မရှိ​တော့ စည်းကမ်းပျက်​တဲ့ လူနာ​စောင့်တွေကို ​ပြောဆို ပညာ​ပေးတဲ့အခါမှာ အားနည်းချက်​​တွေရှိတယ်​။ သူနာပြုအင်​အားက​တော့ မဆိုးပါဘူး။ အဆိုးရွားဆုံးက​တော့ လက်​​ထောက်​ဆရာဝန် ​အင်​အားပါ။ ဆေးရုံမှာ လက်​​ထောက်​ဆရာဝန်​ အ​ယောက်​ ၆၀ ​ကျော်​ခန့်​ထားလို့ ရ​ပေမယ့် လက်​​တွေမှာ အလုပ်​လုပ်​​နေတာ ၁၂ ​ယောက်​ပဲရှိ​တော့ အင်​အား​တော်​​တော်​နည်းပါတယ်​။ အဆိုပါကိစ္စနဲ့ ပတ်​သက်လို့ ဝန်​ထမ်းအင်​အားတိုးမြှင့်ပေးဖို့ အထက်​ရုံးချုပ်​ကို တင်​ပြထားပြီး နိုင်​ငံ​တော်​က ဖြည့်ဆည်း​ပေးမယ်​လို့ ​မျှော်​လင့်​ကြောင်း ​ဆေးရုံအုပ်​ကြီးက ဆိုပါတယ်​။ ဒါ့အပြင် မ​ကွေးတိုင်​ပြည်​သူ့​ဆေးရုံကို တက်​​ရောက်​ကုသ​နေတဲ့ လူနာ​တွေ ပြင်​ပဓာတ်​ခွဲခန်း​တွေမှာ အခ​ကြေး​ငွေ​ပေးပြီး စမ်းသပ်​တာ​တွေ လုပ်​​နေရတဲ့အတွက်​ မ​ကွေးမြို့က ပရဟိတအဖွဲ​တွေ ပူး​ပေါင်းပြီး စက်​တင်​ဘာ ၄ ရက်​​နေ့က ​ဆေးရုံအုပ်​ကြီးနဲ့ ​တွေ့ဆုံညှိနှိုင်းမှု​တွေ ပြုလုပ်​ခဲ့ပါတယ်။ သဒ္ဒါရှင်​ ရှင်​သန်​မှုကူညီ​ရေးအဖွဲ့က ဦး​နေမိုး​ဆွေ​ကျော်​က "၂၀၁၅ ခုနှစ်​က ​အမျိုးစား ၆၂ မျိုးကို အခမဲ့ စမ်းသပ်​လို့ ရတယ်​လို့ သိထားပါတယ်​၊ စက်​ပျက်​တာကို အ​ကြောင်းပြပြီး အပြင်​မှာ အခ​ကြေး​ငွေ​တွေနဲ့ စမ်းသပ်​​နေရတာပါ၊ တကယ်​လို့ စက်​ပျက်​ခဲ့ရင်​လည်း ပရဟိတ အဖွဲ့​တွေပူး​ပေါင်းပြီး အလှူရှင်​​တွေနဲ့ ပြုပြင်​ဖို့ ဒီေ​နေ့​တွေဆုံမှု လုပ်​ခဲ့တာပါ၊ ​ဆေးရုံအုပ်​ကြီးက အခမဲ့ ၃၂ မျိုးကို ရုံးချိန်​အတွင်း စမ်းသပ်​တာ​တွေ ပြုလုပ်​​ပေးမယ်​လို့ ကတိပြုပါတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ လူနာတွေအား ပြင်ပဓာတ်ခွဲခန်းမှာ သွားစစ်ခိုင်းတဲ့ ၀န်ထမ်းတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ မြတ်စိုးက ပြောပါတယ်။ "အပြင်​ဓာတ်​ခွဲခန်း ဆယ်​နှစ်​ခု​လောက်​ ​ဆေးရုံ​ရှေ့မှာရှိတယ်​လိုသိရတယ်​။ ​ဆေးရုံဝန်​ထမ်း တချို့က အပြင်​ဓာတ်​ခွဲခန်းကို ပို့​နေတယ်​လို့ သိရတဲ့အတွက်​ ဇူလိုင်​လအတွင်းက စာထွက်​ပြီး တားမြစ်​ခဲ့ပြီးဖြစ်​တယ်။ ခု​တော့ အပြင်​ပို့တာ​ တော်​​တော်​​လေး ​လျော့နည်းသွားပြီ၊ ဝန်​ထမ်း​တွေ အပြင်​လွှတ်​ပို့တာ သိသာထင်​ရှားရင်​ စီမံခန့်​ခွဲမှုဘုတ်​အဖွဲ့နဲ့ ​ခေါ်ယူသတိ​ပေးတာ​တွေ၊ ပြင်းပြင်းထန်​ထန်​အ​ရေးယူတာ​တွေ လုပ်​​ဆောင်​သွားမယ်​" လို့ ပြောပါတယ်။ သတင်း-မင်းထီး
3 years Ago
Up