မ​ကွေးတိုင်းအတွင်း ဘိန်းစိုက်​ခင်း ဧက ၂၀ ​ကျော်​တွေ့ရှိ ဖျက်​ဆီး

January 28, 2019

မ​ကွေးတိုင်းအတွင်း ဘိန်းစိုက်​ခင်း ဧက ၂၀ ​ကျော်​တွေ့ရှိ ဖျက်​ဆီး

မ​ကွေးတိုင်း​ဒေသကြီး၊ ငဖဲမြို့နယ်နဲ့ မင်းလှမြို့နယ်ထဲမှာ  ပြီးခဲ့တဲ့သီတင်းတပတ်​အတွင်း ဘိန်းခင်း ဧက​ ၂၀ ကျော်​ ရှာ​ဖွေ​တွေ့ရှိပြီး ဖျက်​ဆီးခဲ့တယ်​လို့ မ​ကွေးတိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့က သိရပါတယ်​။ ငဖဲမြို့နယ်အတွင်းရှိ တောတောင်လျှိုတွေထဲမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်းတွေကို ဇန်နဝါရီ ၂၂ ရက်မှ ၂၇ ရက်အတွင်း  ဘိန်းစိုက်ခင်း ဧက ၂၀ ကျော် ဖျက်ဆီးနိုင်ခဲ့သလို မင်းလှမြို့နယ် ဆင်တောင်ကျေးရွာအနီးရှိ ဆင်တောင်စောင်းမှာလည်း ဘိန်းစိုက်ခင်း ၁ ဒသမ ၁၄ ဧက ဖျက်​ဆီးနိုင်​ခဲ့တယ်​လို့ မင်းလှမြို့နယ်​ ရဲမှူးထင်​​အောင်​လင်းက ပြောပါတယ်။ “ဇန်န၀ါရီ ၂၂ရက်မနက်က စတင်ပြီး အုန်း​စော​ကျေးရွာ၊ နတ်​​တောင်​​ကျေးရွာဘက်​​တွေက​ တောတွင်းလျို​မြောင်​​တွေထဲမှာ ဘိန်းခင်းတွေ စိုက်​ပျိုးမှု ရှိမရှိ​တောနင်း ရှာ​ဖွေခဲ့ကြပါတယ်​။ အဲဒီကတဆင့် ဇန်​နဝါရီ ၂၃ရက်​ မနက်​ ၁၁ နာရီခွဲအချိန်​မှာ ဆင်​​တောင်​​ကျေးရွာဘက်​က ​တောတွင်းလျို​မြောင်​​တွေထဲကို ထပ်​မံ​ တောနင်းရှာ​ဖွေခဲ့ကြရတယ်​”လို့​ပြောပါတယ်​။ ငဖဲမြို့နယ်​မှာ ၂၀၁၈ ဒီဇင်​ဘာလကလည်း ​တောင်​​ပေါ်​ဒေသ​တွေမှာ ဘိန်းစိုက်ခင်း ဧကပေါင်း ၁၈ ဧကကို ပူး​ပေါင်း စစ်​​ကြောင်းတွေနဲ့  ဖျက်​ဆီးခဲ့တယ်​လို့ ငဖဲမြို့နယ်​ ရဲတပ်​ဖွဲ့မှူး ရဲမှူး ဝင်း​မောင်​က ​ပြောပါတယ်​။ ကိုလင်း(​ချောက်​)
2 years Ago
Up