မ​ကွေးတိုင်းတွင် အထက်​တန်းပြ ဆရာ၊ ဆရာမ  ၃၀၀ ​ကျော်​​လိုအပ်​​နေ

October 3, 2018

မ​ကွေးတိုင်းတွင် အထက်​တန်းပြ ဆရာ၊ ဆရာမ  ၃၀၀ ​ကျော်​​လိုအပ်​​နေ

မ​ကွေးတိုင်းထဲမှာ အထက်​တန်းပြ ဆရာ၊ဆရာမပေါင်း  ၃၀၀ ​ကျော်​​လောက်​ လိုအပ်​​နေတဲ့အတွက်​ သင်​ကြား​ရေးပိုင်း အခက်​ကြုံ​နေတယ်​လို့ တိုင်း​ဒေသကြီး ပညာ​ရေးမှူးက ​ပြောပါတယ်။ ၂၀၁၇-၁၈ ပညာသင်နှစ်မှာ အထက်တန်းကျောင်း ၁၆ ကျောင်းက အောင်ချက် Zero ဖြစ်သွားတဲ့အတွက် အောင်ချက်မြင့်မားဖို့ကြိုးစားနေရတာပါ။ အခုလိုဖြစ်ရတာဟာ အထက်တန်းကျောင်းနဲ့  အထက်တန်းကျောင်းခွဲတွေ အဆင့်တိုးမြှင့်လိုက်လို့ သင်ကြားရေး ဆရာတွေ လုံလောက်မှုမရှိတဲ့အပြင် ပညာရေးဝန်ထမ်း မခန့်နိုင်တဲ့ကျောင်း ၁၈ ကျောင်းရှိ တယ်လို့လည်း တိုင်းပညာရေးမှူးကပြောပါတယ်။ လုပ်ငန်းခွင်အတွင်း ဆရာ၊ဆရာမတွေနဲ့ လုံလောက်မှုမရှိရင် ပြည်နယ်နဲ့ တိုင်းတွေက နေရာဒေသမရွေး သွားလာနိုင်သူတွေကို ရာထူးတိုးခန့်သွားမယ်လို့လည်းသိရပါတယ်။ မ​ကွေးတိုင်းထဲမှာ အထက်​တန်း​ကျောင်း၅၀၅ ကျောင်း၊ အလယ်​တန်း​ကျောင်း ၁၈၈၈ ​ကျောင်းနဲ့ မူလတန်း​ကျောင်း ၁၉၆၈ ကျောင်းရှိပြီး ဆရာ၊ ဆရာမ ၃၀၀၀၀ ကျော်​ တာဝန်ထမ်း ဆောင်နေပါတယ်။
3 years Ago
Up