မ​ကွေး

August 25, 2018

မ​ကွေးမြို့တွင် ခြင်​​ဆေး​ခွေထွန်းရာမှ အ​ဆောက်​ဦ ၁ ​လုံး မီး​လောင်

မ​ကွေးမြို့ ကန်​သာရပ်​ကွက်​၊ ​မေတ္တာလမ်းမှာ သြဂုတ်​ ၂၄ ရက်​​နေ့ ည​နေ ၃ နာရီခွဲလောက်က ခြင်​​ဆေး​ခွေထွန်းရာက​နေ Myanmar Best Food & Beverage,Co;LTD ရုံးခွဲ အ​ဆောက်​ဦတစ်​လုံး မီး​လောင်​ခဲ့တယ်​လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ မီး​လောင်​​နေရာ အနီးနားရှိ ဦကိုကို​အောင်​က "အထဲမှာလှိုက်​​လောင်​ကာ အသံ​ထွက်​ပြီး မှန်​​တွေကွဲထွက်​လာမှ မီး​လောင်​မှန်း သိရပြီး​တော့ နီးစပ်​ရာ မီးသတ်​​ဆေးဘူး ဆွဲပြီးငြိမ်းသတ်​ခဲ့တယ်​။ အနီးနားပတ်​ဝန်း​ကျင်​ကလည်း ​ရေ​တွေနဲ့ ဝိုင်းပြီး ငြိမ်းသတ်​​ပေးကြတယ်​” လို့ ဒီဗွီဘီကို​ပြောပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီး မီးသတ်​ဦးစီးဌာန ညွန်​ကြား​ရေးမှူး ဦး​အောင်​ဝင်းစိန်​က "ကုမ္ပဏီ မန်​​နေဂျာ ဦး​ကျော်​​ကျော်​ထက်​​အောင်​က အ​ဆောက်​ဦ ငှါးရမ်းပြီး အလုပ်​လုပ်​ကိုင်​ကာ ခြင်​​ဆေး​ခွေ ထွန်းရာက​နေ ​ဝေဖာမုန့်​​တွေ​ပေါ်ကျပြီး မီး​လောင်​ကျွမ်းတာဖြစ်​တယ်​။ မီးသတ်​ကား ၈ စီး၊ ​ရေသယ်​ယာဉ်​ ၂ စီးနဲ့ မီးသတ်​တပ်​ဖွဲ့ဝင်​​တွေ၊ အရန်မီးသတ်​တပ်​ဖွဲ့ဝင်​​တွေ သွား​ရောက်​ငြိမ်းသတ်​ခဲ့တာ ည​နေ ၄ နာရီ​လောက်​မှာ မီးငြိမ်းသတ်​နိုင်​ခဲပြီး ကျပ်​သိန်း ၃၀ ဖိုး​လောက် ​ဆုံးရှုံးခဲ့တယ်​” လို့ ဆိုပါတယ်​။ ဖြစ်​စဉ်​နဲ့ ပတ်​သတ်​လို ဦး​ကျော်​​ကျော်​ထက်​​အောင်​ကို မီးအား​ပေါ့ဆစွာ သုံးစွဲမှု ရာဇသတ်​ကြီးပုဒ်မ ၂၈၅ နဲ့ မ​ကွေးမြို့မရဲစခန်းမှာ အမှုဖွင့်အ​ရေးယူထားတယ်​လို့ သိရပါတယ်​။ သတင်း-မင်းထီး
5 years Ago
Up