မန္တလေး ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်

November 30, 2017

မန္တလေး ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ကရပ်ကွက် ၇၀×၇၁လမ်းကြား၊ စိန်ပန်းလမ်းနဲ့ မနော်ဟရီလမ်းကြားမှာ ဒီကနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က  မီးစတင်လောင်ကျွမ်းခဲ့ပြီး အိမ် ၆ လုံး၊  ဆိုင်ကယ် ၂ စီး ဆုံးရှုံးခဲ့ပါတယ်။ မီးသတ်ဦးစီးဌာနက  level 3 အဆင့်အဖြစ် သတ်မှတ်ကာ မီးသတ်ယာဉ် ၅၀၊ သန္ဓေ ၇၀၊ အရန် ၁၂၀ လောက်နဲ့ မီးငြှိမ်းသတ်ခဲ့ရကာ မွန်းလွဲ ၁ နာရီလောက်မှာ မီးငြိမ်းသွားပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ်ငွေ ၇၇ သိန်းကျော်ဖိုးလောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။
4 years Ago
Up