မန္တလေးမြို့တော်

April 2, 2018

မန္တ​လေးမြို့​တော်​ မဟာသင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်  

မြန်​မာ့ရိုးရာအတာသင်္ကြန်​​ ရေကစားမဏ္ဍပ်နဲ့ ဖျော်​​ဖြေ​ရေးမဏ္ဍပ်​တွေကို မန္တလေး ကျုံး​ဘေးပတ်​လည်​မှာ စတင်​​ဆောက်​လုပ်​​နေပြီ ဖြစ်ပါတယ်။ မနှစ်က ကျုံးပတ်​လည်​မှာ​ ရေကစားမဏ္ဍပ်​တွေ ၁၀၀ နီးပါးရှိ​ခဲ့ပေမယ့် အခုနှစ်မှာတော့  ကျုံးပတ်​လည်​မှာ ​ရေကစားမဏ္ဍပ်​ ၃၀ ဝန်းကျင်​သာ ရှိ​ပါတယ်​။ ​ကြော်​ငြာရှင်​​တွေအ​နေနဲ့​လည်း ရေကစားမဏ္ဍပ်​​တွေမှာ ​ကြော်ငြာ​တွေ လာ​ရောက်​ချိတ်​ဆွဲတာမျိုး​ မနှစ်​ကစပြီးမရှိ​တော့​တဲ့အတွက်​ အရှုံး​ပေါ်ခဲ့ကြပါတယ်။ ဒါ​ကြောင့် ဒီနှစ် မန်းသင်္ကြန်မှာလည်း  စီးပွား​ဖြစ်မဏ္ဍပ်တွေ ဆောက်လုပ်တာ မတွေ့ရသေးဘဲ  မိသားစုမဏ္ဍပ်တွေသာ အများစု မြင်တွေ့ရဖွယ်ရှိပါတယ်။
3 years Ago

April 13, 2017

မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်လှစ် (ဓာတ်ပုံ)

မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မနက် ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါတယ်။ ဖွင့်ပွဲကို ဂီတအနုပညာရှင် မြို့မနာယကနဲ့ သတင်းစာရေးဆရာတွေ၊ မြို့မိမြို့ဖတွေဖြစ်ကြတဲ့ လွတ်လပ်ရေးမော်ကွန်းဝင်နဲ့ အမျိုသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်မှ ပါမောက္ခချုပ်တွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ မန္တလေးမြို့ အထက ကျောင်းသူ ၃၀၀ ကျော်ကလည်း သင်္ကြန်ယိမ်းအကတွေ၊ သင်္ကြန်သီချင်းတွေနဲ့ ကပြဖျော်ဖြေခဲ့ပါသည်။ သတင်းဓာတ်ပုံ-အောင်အောင်၊ အိမ်ခိုင်မြဲ၊ မျိုးနိုင်
4 years Ago
Up