မန္တလေးဘူတာကြီး

June 1, 2018

မန္တ​လေးဘူတာကြီး​ ခုံးကျော်တံတား အခမဲ့ ဖြတ်သန်းခွင့်ပြုပြီ

နှစ်ပေါင်း ၁၇ နှစ်ကျော်ကြာ ဖြတ်သန်းခ ကောက်ခံနေတဲ့ မန္တ​လေးဘူတာကြီး​ ခုံးကျော်တံတား ဖြတ်သန်းခကို မြန်မာ့မီးရထားဌာနက ဇွန်​ ၁ ရက်​က စတင်ပယ်ဖျက်လိုက်ပြီး  ပြည်သူတွေကို အခမဲ့ ဖြတ်​သန်း သွားလာခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ မန္တ​လေးမြို့ ၇၈ လမ်းမှ ၇၉ လမ်းကို ဆက်​သွယ်​သွားလာနိုင်​တဲ့ မန္တ​လေးဘူတာကြီး ခုံးကျော်တံတားကို ဒီကနေ့က စတင်ပြီး အခမဲ့ ဖြတ်​သန်းခွင့် ပြုလိုက်တာ ဖြစ်တယ်လို့ မန်နေဂျာ ၊ မြန်မာ့မီးရထား (စီးပွား/တိုင်း)  မန်နေဂျာဦးအောင်ချမ်းမြင့်က ပြောပါတယ်။ မန္တ​လေးမြို့​နေ ပြည်​သူတွေ မြို့ရဲ့အ​ရှေ့ခြမ်းနဲ့ အ​နောက်​ခြမ်း ကူးသန်းရာမှာ​ လွယ်​ကူ​စေဖို့အတွက် ခုလို ခုံးကျော်တံတား ဖြတ်သန်းခတွေ မကောက်တော့တဲ့အပေါ်မှာ မန္တလေးမြို့ခံတွေကတော့ ကျေနပ်တယ်လို့ ပြောပါတယ်။ မန္တလေးဘူတာကြီး ခုံးကျော်တံတား ဖြတ်သန်းခတွေကို ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းက စပြီး ၁၇ နှစ်ကျော်ကြာ ကောက်ခံခဲ့တာဖြစ်ပြီး တခါဖြတ်တိုင်း ဆိုင်ကယ်တစီးကို ကျပ် ၅၀ နဲ့ ကားတစီးကို ကျပ် ၂၀၀ ကောက်ခံခဲ့တာပါ။ အခုအခါမှာတော့ လက်ရှိ ကျပ် ၁၉၈၀ သိန်းနဲ့ တင်ဒါအောင်မြင်ထားသူဆီကနေ မြန်မာ့မီးရထားဌာနက တင်ဒါကို ပြန်လည်သိမ်းယူခဲ့ပြီး ပြည်သူတွေကို အခမဲ့ ဖြတ်သန်း သွားလာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ သတင်း - ငြိမ်းမိုးနောင် ဓာတ်ပုံ - YangonMedia
4 years Ago
Up