မန္တလေးတက္ကသိုလ်

February 16, 2018

မန္တလေးတက္ကသိုလ်တွင် နိုင်ငံတကာဆွေးနွေးပွဲ ကျင်းပ (ဓာတ်ပုံ)

မန္တလေးတက္ကသိုလ်နဲ့ ချင်းမိုင်တက္ကသိုလ်တို့ ပူးပေါင်းစီစဉ်တဲ့  Burma/Myanmar Studies Conference နိုင်ငံတကာဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၁၈ ရက်ထိ မန္တလေးတက္ကသိုလ်မှာ ပထမဆုံးအကြိမ် ကျင်းပနေပါတယ်။ ဒီဆွေးနွေးပွဲကို နိုင်ငံတကာက ကျောင်းပေါင်း ၅၀ကျော်နဲ့  ပြည်တွင်းက ကျောင်းပေါင်း ၃၀ ကျော်က ကျောင်းသူ ကျောင်းသားတွေနဲ့ ပညာရှင်တွေ တက်ရောက်ခဲ့ကြပြီး စာတမ်းတွေ ဖတ်ကြားဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲ ဖွင့်ပွဲနေ့မှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်လည်း တက်ရောက်ခဲ့ပါတယ် ။ အလားတူ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပပြီး မြန်မာနိုင်ငံ မန္တလေးမြို့ မန္တလေးတက္ကသိုလ်မှာ ဒုတိယအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။
3 years Ago

February 7, 2017

သျှမ်းအမျိုးသားနေ့ စာပေနှင့်ယဉ်ကျေးမှု အခမ်းအနား မန္တလေးတက္ကသိုလ်တွင် ကျင်းပ (ဓာတ်ပုံ)

  နှစ် (၇၀) ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ စာပေနှင့်ယဉ်ကျေးမှု အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့က မန္တလေးမြို့ မန္တလေးတက္ကသိုလ် အင်းဝကျောင်းဆောင်မှာ ကျင်းပခဲ့ပါတယ်။ မန္တလေးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဦးစီးကျင်းပပြီး ရှမ်းတိုင်းရင်းသားများနှင့် ၇ မြို့ရှိ တက္ကသိုလ်ကျောင်းက ရှမ်းတိုင်းရင်းသူတိုင်းရင်းသားများစုပေါင်းပြီး စာပေနှင့်ယဉ်ကျေးမှု မပပျောက်ဖို့ ကျင်းပနေပါတယ်။ သတင်းဓာတ်ပုံ-အောင်အောင်  
4 years Ago
Up