မန္တလေးကျုံးအတွင်း ကလေး ၃ ဦး ငါးဆင်းဖမ်းရာမှ ၂ ဦး ရေနစ်သေဆုံး

August 26, 2018

မန္တလေးကျုံးအတွင်း ကလေး ၃ ဦး ငါးဆင်းဖမ်းရာမှ ၂ ဦး ရေနစ်သေဆုံး

မန္တလေးကျုံး အနောက်ဘက် လမ်း ၈ဝ နင့် ၁၂ လမ်းနဲ့ ၁၃ လမ်းကြားမှာ သြဂုတ် ၂၅ ညနေ ၅ နာရီဝန်းကျင်​က ကလေး ၃ ဦး ကျုံးရေထဲမှာ ငါးဆင်းဖမ်းရာ ၂ ဦး ရေနစ်သေဆုံးသွားတယ်​လို့ အမှတ် ၂ ရဲစခန်းကတာဝန်​ရှိသူက​ပြောပါတယ်​။ သူတို့သုံးဦးအနက် ၁၁ နှစ်အရွယ်  ကလေးက ငါးဆင်းဖမ်းရင်း ရေနစ်တာကို သိလို့ အချင်းချင်းဆင်းဆယ်ရာက​နေ ၃ ဦးစလုံး ရေနစ်ခဲ့ကာ ၁၁ နှစ်အရွယ် က​လေးငယ်​နဲ့ ၁၄ နှစ်အရွယ်က​လေး၂ ဦးဟာ သေဆုံးခဲ့ပါတယ်​။ “အဲဒီ က​လေးငယ်​​တွေက ကျောင်းသားလေးတွေပါဗျာ။ သူတို့ထဲက ခန့်စည်သူ ၁၂ နှစ် ကလေးကတော့ ဘာမှမဖြစ်ဘူး။ ကျန်တဲ့ ကလေး ၂ ယောက်တော့ ဆုံးသွားတယ်” လို့ အမှတ် ၂ နယ်မြေရဲစခန်းမှူး ဦးမျိုးညွန့်က ​ပြောပါတယ်​။ မီး​သတ်တပ်ဖွဲ့က ဆယ်ယူခဲ့ပြီး မန္တလေးဆေးရုံ ပို့ဆောင်ပေးခဲ့ပြီး အမှတ်​ ၂ နယ်​​မြေ ရဲစခန်းက​နေပြီး သေမှုသေခင်းအမှတ်​စဉ် ​(၂၉) နဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - အောင်အောင်နိုင်
3 years Ago
Up