မန္တ​လေးမြို့ ပြည်သူ့ဆေးရုံကြီးအတွက် စု​ပေါင်း​သွေးလှူဒါန်း၊ သွေးအိတ် ၁၀၀၀ ခန့်ရရှိ

April 7, 2019

မန္တ​လေးမြို့ ပြည်သူ့ဆေးရုံကြီးအတွက် စု​ပေါင်း​သွေးလှူဒါန်း၊ သွေးအိတ် ၁၀၀၀ ခန့်ရရှိ

မန္တ​လေးတိုင်း​ဒေသကြီး ချမ်း​အေးသာစံမြို့နယ်​ ပရိယတ္တိသာသနဟိတအသင်းကြီးမှာ မန္တ​လေးမြို့ပြည်​သူ့​ဆေးရုံကြီးက လူနာတွေအတွက်​ ပရဟိတ​သွေးလှူရှင်အသင်းတွေ စု​ပေါင်းပြီး ဒုတိယအကြိမ်​ ​သွေးလှူဒါန်းပွဲကို ဧပြီလ ၇ ရက်​နေ့က ကျင်းပခဲ့ပါတယ်​။ “ကျမ​သွေး အခုလိုလှူဒါန်းဖြစ်​တာ ၄ ကြိမ်​ရှိပါပြီ။ ကျမခန္ဓာကိုယ်​ထဲက မဖြစ်​စ​လောက်​ ​သွေးတပုလင်းက လူတ​ယောက်​ရဲ့အသက်​တ​ချောင်းကို ကယ်​တင်​နိုင်​တယ်​​လေ၊ ဒါ​ကြောင့် ကျမလှူဖြစ်​တာပါ။ ​နောက်​ထပ်​လည်း အကြိမ်​ကြိမ်​ ထပ်​လှူဦးမှာပါ။ ​သွေးလှူတဲ့ အလုပ်​ဟာ အင်​မတန်​ မွန်​မြတ်​ပါတယ်​။ ဒါ​ကြောင့် မိတ်​​ဆွေ​တွေအ​နေနဲ့ ​သွေးလှူဒါန်း​ပေးကြပါလို့​​ ပြောချင်​တယ်”​လို့ စပါးနှံတာယာစက်​ရုံဝန်​ထမ်း မမြင့်မြင့်ခိုင်​က ​ပြောပါတယ်​။ မန္တ​လေးပြည်​သူ့​ဆေးရုံကြီးမှာ လက်​ရှိ​ဆေးကုသမူခံ​နေကြတဲ့ ရပ်​​ဝေးရပ်​နီး နယ်​​ဒေသ အသီးသီးက လူနာတွေအတွက် လူမျိုးဘာသာမခွဲခြားဘဲ လှူဒါန်း​ပေးသွားမှာဖြစ်​သလို လိုအပ်​ရင် ​လိုအပ်​သလို ကူညီ​ဆောင်​ရွက်​​ပေးသွားမှာဖြစ်​ပြီး ​သွေးလှူရှင်​ အသင်း​တွေရဲ့ ဖုန်းနံပါတ်​​တွေကိုလည်း အချိန်​မ​ရွေးဆက်​သွယ်​အကူအညီ​တောင်းနိုင်​ပါတယ်​လို့ ​သွေးလှူရှင်​အသင်းများကွန်​ရက် ​ဦး​ဆောင်​ ဆရာ​တော် ​ဦးသုမနကမိန့်​ကြားပါတယ်​။ ​မန္တ​လေး​ပြည်​သူ့​ဆေးရုံကြီးမှာ ကုသ​နေကြတဲ့ လူနာတွေအတွက်​​ သွေးအခက်​အခဲ မဖြစ်​​စေဖို့​ ကျောက်​ဆည်​၊ စဥ့်ကိုင်​၊ တံတားဦး၊ မတ္တရာ၊ စဥ့်ကူး စတဲ့မြို့ကြီး ၁၅ မြို့တို့က လာ​ရောက်​ပြီး ​သွေး​လှူဒါန်းခဲ့ကြရာ​ သွေးအိတ်ပေါင်း ၁၀၀၀ ​နီးပါးရရှိခဲ့ပါတယ်​။ ​သွေးလှူရှင်​များကွန်​ရက်​ကို ဒါန​သွေး​ သွေးလှူရှင်​အသင်း၊ မေတ္တာကာရီ ​သွေးလှူရှင်​ အသင်း၊ ဒါနပါရမီ​သွေးလှူရှင်​အသင်း၊ ​လောကပါလ​ သွေးလှူရှင်​အသင်းစတဲ့​ သွေးလှူရှင်​ အသင်း​ပေါင်း ၂၀ နဲ့ သွေးလှူရှင်​အသင်းကွန်​ရက်​ အဖွဲ့ဝင်​ ၂၅၀​ ကျော်​နဲ့အတူ ၂၀၁၈ ခုနှစ်​က စတင်​ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။
3 years Ago
Up