မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေး အုန်းချောကျေးရွာတွင် မီးလောင်

February 8, 2017

မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေး အုန်းချောကျေးရွာတွင် မီးလောင် (သတင်းဓာတ်ပုံ)

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေး အုန်းချောကျေးရွာမှာ မနေ့ည ၉း၃၀ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မြမာလာခန်းမဘေးမှ စတင်လောင်ကျွမ်းခဲ့တယ်လို့သိရပြီး နေအိမ် ၂ လုံး မီးလောင်ခံခဲ့ရပါတယ်။ မီးလောင်မှုအပေါ် မီးသတ်ဌာနမှ level 3 အဆင့်သတ်မှတ်ပြီး မီသတ်ကား ၅၀ ကျော်၊ မီးသတ်အင်အား ၂၀ ခန့်နဲ့ ငြှိမ်းသတ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူသေဆုံးမှုမရှိဘဲ ည ၁၀ နာရီ ၁၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ သတင်းဓာတ်ပုံ - ခိုင်မြဲ၊ အောင်အောင်နိုင်  
4 years Ago
Up