မန္တလေး အောင်မြေသာစံမြို့နယ်တွင် မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင် အမြောက်အမြားဖမ်းမိ

A d v e r t i s e m e n t With Us

June 10, 2019

မန္တလေး အောင်မြေသာစံမြို့နယ်တွင် မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင် အမြောက်အမြားဖမ်းမိ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က အငှားအိမ်​ယာတိုက်ခန်းတခုကို မူးယစ်​​ကျော်​​ဇော သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ မူးယစ်ဆေးဝါးတွေ မတွေ့ရှိရဘဲ မှတ်​တင်​ပုံတွေ၊ ယာဉ်မောင်း လိုင်စင်တွေနဲ့ ယာဉ်မှတ်ပုံတင်စာအုပ်  အမြောက်အမြား ဖမ်းဆီးရမိပါတယ်။ ​အောင်​​မြေသာစံမြို့နယ်​၊ ၁၉ လမ်းနဲ့ လမ်း ၂၀ကြား၊ စံပယ်အငှားအိမ်​ရာ၊ အ​ဆောင်​ ၂၊ တိုက်​ခန်းအမှတ် ၁၂​ကို ဇွန်​လ ၉ ရက်​​မနက်  ၅ နာရီခန့်က မန္တ​လေးတိုင်း​ မှုခင်း နှိမ်​နှင်း​ရေးတပ်​ဖွဲ့နဲ့ နယ်မြေရဲစခန်းက တာဝန်​ရှိသူတွေ ပူးပေါင်းရှာ​ဖွေခဲ့တာလို့ အမှတ်​ ၅ မြို့မရဲစခန်းကနေ သိရပါတယ်။ အဆိုပါတိုက်​ခန်းအတွင်းရှာ​ဖွေတဲ့အခါ နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၃)ခု၊ ယာဉ်မောင်း လိုင်စင်(၅၈)ခု၊ ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် (၀ှီးတက်​) (၈၅)ခု၊ မော်တော်ယာဉ်မှတ်ပုံ တင်စာအုပ်နဲ့ အာမခံပရီမီယံစာအုပ်(၄၀)ခု၊ ဆိုင်​ကယ်​နှစ်​စီးတို့ကို တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ အမှတ် ၅ မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက "ခိုးမှု၊ မသင်္ကာမှု ဖွင့်ထားတယ်။ တိုင်း ဒ.န.က ဦးဆောင်ပြီးဖမ်းတာ''လို့ ပြောပါတယ်။ အခုလို ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်ပြီး တိုက်ခန်းအတွင်းမှာ နေထိုင်တဲ့ မဇာ(ခ) ​နေဇာလှိုင်နဲ့ ဖြိုးကိုတို့ကို (ပ)၄၈၇/၂၀၁၉၊ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၇၉/ကျင့် ​၅၄အရ အမှတ်​ ၅ မြို့မရဲစခန်းမှာ အမှုဖွင့်လှစ်အ​ရေးယူထားပါတယ်။ သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ- ရဲတပ်ဖွဲ့
2 years Ago
Up