မန္တလေး မဟာလောက ရန်နှိမ်အောင်တော်မှုဘုရား

June 20, 2015

မန္တလေးတွင် အဆောက်အဦတခု ပြိုကျ (ဓာတ်ပုံ)

မန္တလေးမြို့ ၇၃လမ်း ချမ်းမြသာစည်မြို့နယ် မန္တလာသီရိဘောလုံးကွင်းအနီးမှာ တည်ဆောက်နေတဲ့ အဆောက်အဦတခု ပြိုကျမှု ဖြစ်ခဲ့ပါတယ်။ မင်္ဂလာမန္တလေးအိမ်ရာစီမံကိန်း ဆောက်လုပ်ရေးဝင်းအတွင်းရှိ Pullman mandalay hotel ဆိုဒ်မှာ ဒီနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ဆောက်လက်စအစိတ်အပိုင်းအချို့ ပြိုကျခဲ့ပါတယ်။ လူထိခိုက်ဒဏ်ရာ အများပြားရခဲ့ကြပြီး သေဆုံးသူအချို့လည်း ရှိတယ်လို့ မျက်မြင်အချို့က ပြောကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ည ၉ နာရီမှာ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။    
7 years Ago

May 22, 2015

မန္တလေးက အကြင်နာလက်များ ဂီလာန ဘိုးဘွားရိပ်သာ (ဓာတ်ပုံ)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်ရှိ ရွှေစံကိုင်ကျောင်းတိုက် အတွင်းမှာ ချမ်းမြသုခလူမှုကူညီရေး အသင်းကြီးမှ အကြင်နာလက်များ ဂီလာနဘိုးဘွားရိပ်သာ တည်ဆောက်ပြီး အဘိုးအဘွား (၂၁) ဦးကို စောင့်ရှောက်ထားပါတယ်။ ဘိုးဘွားရိပ်သာကို ၂၀၁၃ ခုနှစ် ၃ လပိုင်း ၁ ရက်နေ့က စတင်ပြီး လက်ခံစောင့်ရှောက်ပေးခဲ့ပါတယ်။ စတင်ချိန်မှာ အဘိုး ၁ ဦး၊ အဘွား ၉ ဦး တို့နဲ့ စောင့်ရှောက်ခဲ့ပြီး နောက်ပိုင်းမှာ ၂၁ ဦးထိ လက်ခံစောင့်ရှောက်ပေးခဲ့ပါတယ်။ နေရာအခက်အခဲကြောင့် ကန့်သတ်ထားပြီး အလှုရှင်ပေါ်ပေါက်လာတဲ့အတွက် အဆောက်အဦအသစ်တိုးပါက ဆက်လက်တိုးမြှင့်လက်ခံသွားမယ်လို့ အတွင်းရေးမူး ဦးလှအောင်က ပြောပါတယ်။ မှီခိုသူကင်းမဲ့ပြီး ဒုက္ခရောက်နေတဲ့ အသက် ၇၀ နှစ်အထက် အဘိုးအဘွား ၂၀၂ ဦး ကိုလည်း အိမ်တိုင်ယာရောက်သွားရောက်ကူညီပေးနေပြီး လစဉ် ဆန် ၅ ပြည်ငွေ (၅၀၀၀) ကျပ်၊ လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုနဲ့ ပစ္စည်းတွေပံ့ပိုးတာတွေကိုလည်း ကူညီပေးနေတယ်လို့ပြောပါတယ်။ အဘိုးအဘွားတွေကို ချမ်းမြသုခအသင်းကြီးအနေနဲ့ တနှစ်တကြိမ် ဘုရားဖူးခရီးစဉ်လည်း ပို့ဆောင်ပေးကြောင်းသိရပါတယ်။ အသက်ကြီးဆုံးမှာ အဘွား ဒေါ်ဂျမ်းဖြစ်ပြီး ၁၀၁ နှစ်ထဲကို ရောက်ပြီလို့ ဆိုပါတယ်။ ဓာတ်ပုံ - အိမ်ခိုင်မြဲ [gallery ids="94112,94113,94114,94115"]
7 years Ago
Up