မန္တလေး ဂရိတ်ဝေါကလေးကစားကွင်းအတွင်း ၀င်ရောက်လုယက်သူ ၇ ဦး ဖမ်းမိ

May 28, 2018

မန္တလေး ဂရိတ်ဝေါကလေးကစားကွင်းအတွင်း ၀င်ရောက်လုယက်သူ ၇ ဦး ဖမ်းမိ

  မန္တလေးမြို့၊ ချမ်း​အေးသာစံမြို့နယ်​၊ ဂရိတ်ဝေါ​ရှော့ပင်းစင်​တာရှိ က​လေးအားကစားကွင်း အတွင်း ဝင်​​ရောက်​လုယက်​သူ ၇ ဦးကို ရဲတပ်ဖွဲ့က ဒီနေ့ မနက် ၂ နာရီလောက်ကမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ၂၇ ရက်နေ့ ည ၁၂ နာရီလောက်က ဂရိတ်ဝေါကလေးကစားကွင်းအတွင်း လူငယ်​ ၇ ​ယောက်​က ဝင်​​ရောက်​လာပြီး လက်ကိုင်ဖုန်းတွေ၊ ငွေအနည်းငယ်​နဲ့ အိပ်​တလုံးကို လုယူခဲ့တာ ဖြစ်ပါတယ်​။ မြို့နယ်​မှူး နယ်​ထိန်းခေါင်းဆောင် ခရိုင်မူခင်းနှိမ်နှင်း​ရေးတာဝန်ယူထားတဲ့ ရဲအုပ်သူရတို့ အဖွဲ့က လုယက်သူ တရားခံ ၇ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ပြည်ကြီးတံခွန် ၆၇ ပျူစောထီးလမ်းထောင့်မှာ ပူးပေါင်းဖမ်းဆီးပြီး အမှတ် ၈ နယ်​ထိန်းအဖွဲ့ကို  လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ လုယက်​မှု ကျူးလွန်​ခဲ့သူ ကိုအာထက်​(ခ)တရုတ်​ကြီး၊ ကို​ဇော်​လုနိုင်​၊ ကို​နေလင်းထက်​၊ ကိုပြည့်စုံ၊ ကို​အေး​သောင်းပြုံး၊ ကိုရန်​နိုင်​ဝင်း၊ ကိုဝိန်​ထက်​တို့ ၇ ဦးကို အမှတ်​ (၈)မြို့မရဲစခန်းက (ပ)၂၉၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ -၃၈၆/၁၁၄ နဲ့ အ​ရေးယူ အမှုဖွင့်ထားပါတယ်။
3 years Ago
Up