မန္တလေး​​ဈေးချိုတော်​ကို တားမြစ်ဓာတုဆိုး​ဆေးကင်းစင်​​ဈေးအဖြစ်​ သတ်​မှတ်

July 25, 2018

မန္တလေး​​ဈေးချိုတော်​ကို တားမြစ်ဓာတုဆိုး​ဆေးကင်းစင်​​ဈေးအဖြစ်​ သတ်​မှတ်

မန္တလေး​​ဈေးချိုတော်​ကို တားမြစ်ဓာတုဆိုး​ဆေး ကင်းစင်​​တဲ့ဈေးအဖြစ်​ ဇူလိုင်​လ ၂၅ ရက်​​နေ့မှာ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကြေညာပါ​တယ်​။ မန္တ​လေး​ဈေးချို​တော်​အတွင်း​ ဆိုး​ဆေးပါဝင်​ပြီး​ ရောင်းချ​နေကြတဲ့ လက်ဖက်၊​ ငရုပ်​သီး၊ ငါးပိ၊ ပဲပြား အ​ရောင်​တင်​ အချည်​​ပေါင်း အချိုရည်​စတဲ့​ ရောင်းဝယ်​​ဖောက်​ကား​နေတဲ့ ဆိုင်​ခန်း ၃၈၆ ဆိုင်​ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၁ လပိုင်းက ဆိုင်​ခန်း ၁၂၄ ဆိုင်​ကို ကင်းစင်​​ကြောင်း အတည်​ပြု လက်​မှတ်​​ပေးခဲ့ပြီး ကျန်​ရှိ​နေ​သေးတဲ့ ၂၆၂ ကို ခွင့်မပြု ဓာတုဆိုး​တေးကင်းစင်​​ကြောင်းကို အတည်​ပြု​ ပေးခဲ့တာပါ။ မန္တ​လေးတိုင်းဝန်​ကြီးချုပ်​​ ဒေါက်​တာ​ဇော်​မြင့်မောင်က “အခုလိုကင်းစင်​ရတာဟာ FDA နဲ့အတူ ဌာန​ပေါင်းစုံက တာဝန်​ရှိသူ​တွေရဲ့ ကြိုးစားအားထုတ်​မူ​တွေနဲ့အတူ ​ကုန်​ပစ္စည်း​ ရောင်းချ​နေကြတဲ့​ ဈေးသူ​ဈေးသား​တွေရဲ့ ကျန်းမာ​ရေးအသိ​တွေ တိုးတက်​လာကြသလို ပူး​ပေါင်း​ဆောင်​ရွက်​လာကြလို့ အခုလို​ ကြေညာနိုင်​ခဲ့တာ ဖြစ်​တယ်​”လို့ ပြောပါတယ်​။ ရှမ်း​ရွှေ​တောင်လက်ဖက်နဲ့ စား​သောက်​ကုန်​လုပ်​ငန်း အထက်​မြန်​မာပြည်​ အ​ရောင်းတာဝန်​ခံ ကိုစိုးနိုင်​လင်းက “အခုလို အသိအမှတ်​ပြုရုံတင်​မကဘဲ အမြဲတမ်း စစ်​​ဆေးမှုတွေလုပ်​​ပေး လမ်းညွှန်​မှုတွေ လုပ်​​ပေးဖို့ လိုအပ်​ပါတယ်​။ ဘာ​ကြောင့်လဲဆို​တော့ စီးပွား​ရေး​လောကမှာ ပြိုင်​ဆိုင်​ကြတာများ ပါတယ်​။ ကျ​နော်​တို့က​တော့ အ​ကောင်းမွန်​ဆုံး ဖြစ်​​အောင်​ အ​ရည်အ​သွေး အပြည့်မှီဖို့ အမြဲကြိုးစား​နိုင်​​အောင်​ အမြဲစစ်​​ဆေး​နေဖို့လိုတယ် ကြိုလည်းကြိုဆိုပါတယ်​။ ဒါမှသာ​ ကောင်းမွန်​တဲ့ စား​သောက်​ကုန်​​တွေဖြစ်​လာမှာပါ။ ရေ​ရှည်​ကင်းစင်​​နေဖို့ တာဝန်​ရှိသူ​တွေ အ​နေနဲ့ မကြာခဏ စစ်​​ဆေး​ပေးဖို့လိုတယ်​”လို့ ​ပြောပါတယ်​။ အခုပွဲကို မန္တ​လေးတိုင်းဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​နဲ့ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ နယ်​စပ်​​ရေးရာဝန်​ကြီး FDA က ပါ​မောက္ခ​ဒေါက်​တာခင်​​ဇော်​ မန္တ​လေးစည်​ပင်​သာယာ​ရေး ​ကော်​မတီသားသတ်​ဌာနနဲ့ သန့်​ရှင်း​ရေးဌာနက တာဝန်​ရှိသူတွေ၊ မန္တ​လေး​ဈေးချို​တော်​သူ ​ဈေးချို​တော်​သား ၁၀၀​ ကျော်​တက်ေ​ရာက်​ခဲ့ကြပါတယ်​။
3 years Ago
Up