မန္တလေးနှင့် ပြင်ဦးလွင်တွင် အီးကိုလိုင်းပိုးတမျိုးကြောင့် ကလေးများတွင် ၀မ်းပျက်ဝမ်းလျှောဖြစ်

January 20, 2016

မန္တလေးနှင့် ပြင်ဦးလွင်တွင် အီးကိုလိုင်းပိုးတမျိုးကြောင့် ကလေးများတွင် ၀မ်းပျက်ဝမ်းလျှောဖြစ်

မန္တလေးမြို့က ကလေးဆေးရုံကြီး ၂ ရုံနဲ့ ပြင်ဦးလွင်က ပြည်သူ့ဆေးရုံကြီးကို တက်ရောက်လာတဲ့ ဝမ်းပျက်ဝမ်းလျှော ကလေးလူနာတွေကို သုတေသန ပြုကြည့်တဲ့အခါမှာ ၇၈ ရာခိုင်နှုန်းလောက်ဟာ အီးကိုလိုင်း (E.coli) ပိုးတမျိုးကြောင့် ဖြစ်ရတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အီးကိုလိုင်း ပိုးအမျိုးအစားတွေထဲက EPEC လို့ခေါ်တဲ့ ပိုးအမျိုးအစားကို တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီပိုးဟာ ပန်နစလင် (Penicillin) နဲ့ မက်ထရိုနီဒါဇိုးလ် (Metronidazole) ဆိုတဲ့ ပဋိဇီဝဆေးတွေကို ယဉ်ပါးနေတာ တွေ့ရတယ်လို့ သုတေသန စာတမ်းထဲမှာ ဖော်ပြထားပါတယ်။ ဆက်ပ်ထရင် (Septrin)၊ အမ်မီကာစင် (amikacin)၊ ဂျန်တာမိုင်စင် (gentamycin) စတဲ့ ဆေးတွေနဲ့ ကုသရင်တော့ ဆေးအာနိသင် ထိရောက်တာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ အီးကိုလိုင်ပိုးဟာ မသန့်ရှင်းတဲ့ရေနဲ့ အစားအသောက်တွေကနေ အဓိက ကူးစက်တဲ့ ရောဂါပိုး ဖြစ်ပါတယ်။
6 years Ago
Up