မန္တလေးမြို့ရှိ အအေးဆိုင်တွင် အမျိုးသား ၁ ဦး ဆွဲကြိုးချ​သေဆုံး

January 15, 2019

မန္တလေးမြို့ရှိ အအေးဆိုင်တွင် အမျိုးသား ၁ ဦး ဆွဲကြိုးချ​သေဆုံး

မန္တလေးတိုင်း​ဒေသကြီး၊ အောင်မြေသာစံမြို့နယ် ၁၂လမ်း ၈၆ လမ်းနဲ့ ၈၇ လမ်းကြား ပြည်ကြီးရန်လုံရပ်ကွက်ရှိ အအေးဆိုင်တဆိုင်မှာ  မနေ့ မနက်ပိုင်းက အမျိုးသား တဦး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်​။ ဆိုင်ပိုင်ရှင်ဦးခင်မောင်မြင့်​ရဲ့ အအေးဆိုင် အရှေ့မျက်နှာစာ အမိုးစွန်းမှာ ဦးအေးမင်းဟာ အင်္ကျီလက်ရှည်​ကိုလိမ်​ပြီး သူ့လည်ပင်းကို စွပ်​ကာ  သေဆုံးနေခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ ဦးအေးမင်းဟာ အရက်အလွန်အကျွံ သောက်သုံးလေ့ရှိကာ သူ့ဇနီးဖြစ်​သူနဲ့ လွန်ခဲ့တဲ့  ၂ နှစ်လောက်​ကစပြီး အတူပေါင်းသင်းနေထိုင်ခြင်းမရှိတော့ပဲ အအေးဆိုင်မှာ ကြုံရာ ကြပန်း လုပ်ကိုင်ပေး​နေသူ ဖြစ်ပါတယ်။  
2 years Ago
Up