မန္တလေးမြို့ အကြောပြင်ဆိုင်တွင် ဓားကိုင်ဆက်ကြေးငွေတောင်းသူ​ ၄ ဦး ဖမ်းမိ

August 27, 2018

မန္တလေးမြို့ အကြောပြင်ဆိုင်တွင် ဓားကိုင်ဆက်ကြေးငွေတောင်းသူ​ ၄ ဦး ဖမ်းမိ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၃ လမ်း၊ ၆၄×၆၅ လမ်း၊ ခရေလမ်းသွယ်မှာ ဖွင့်လှစ်ထားတဲ့ အကြောပြင်ဆိုင်တဆိုင်ကို သြဂုတ် ၂၄ ရက်နေ့ ည ၁ နာရီ​ကျော်​က ၀င်ရောက်ပြီး ဓားကိုင် ဆက်ကြေးတောင်းခံခဲ့သူ ၄ ဦးကို သြဂုတ် ၂၆ ရက်နေ့က ဖမ်းမိခဲ့တယ်လို့ အမှတ်​ ၉ ရဲစခန်းမှ တာဝန်​ရှိသူက​ ပြောပါတယ်​။ လစဉ်ကြေးပေးဖို့ ပြောဆိုထားတဲ့ ငွေကျပ် ၃ သိန်းပေးဖို့ တောင်းခံခဲ့ရာ မ​ပေးတဲ့အတွက်​ ကောင်တာအံဆွဲထဲ ထားရှိတဲ့ ငွေကျပ် ၁ သိန်းယူပြီး ဆိုင်တွင်းက TV ကို ရိုက်ခွဲကာ ဟန်းဆက်စုစုပေါင်း ၆ လုံး (ကာလတန်ဖိုး ၁၁ သိန်းကျော်)ယူဆောင်သွားခဲ့ပါတယ်။ ကျန်တဲ့ ငွေကျပ် ၂ သိန်းကို လကုန်ရက်မှ ပေးဖို့ မပေးနိုင်ပါက ဆိုင်ကိုပိတ်အောင် ချိန်းခြောက်ခဲ့တဲ့ အတွက် ​ဆိုင်​မန်​​နေဂျာက တိုင်​တန်းခဲ့တာပါ။ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးဦးတင်​ထွန်း​အောင်​က “ကျူးလွန်သူဆိုတဲ့သူတွေကို လိုက်လံရှာဖွေစုံစမ်းခဲ့တာ ပထမတော့ ၃ ဦးကို မြရည်နန္ဒာ တိုက်ခန်းမှာ မနေ့မနက်ပိုင်းက ဖမ်းမိခဲ့ပြီး နောက်တဦးကိုတော့ အောင်မြေသာစံက သူ့နေ အိမ်မှာ ဖမ်းမိခဲ့တယ်”လို့ ပြောတယ်​။ နောက်ဆုံးဖမ်းဆီးရမိခဲ့သူဟာ မြင့်ချိုဖြစ်ပြီး သူနေထိုင်တဲ့ ညောင်ကွဲရပ်ကွက်နေအိမ်က ငမန်းဂိန်းစက် ဓားရှည်တွေ၊ လက်ကိုင်ဖုန်းတွေ  စတဲ့သက်သေခံပစ္စည်းတွေကိုလည်း သြဂုတ် ၂၆ ရက်ညပိုင်းက ဖမ်းမိခဲ့ပါတယ်​။ ဒီဖြစ်​စဉ်နဲ့ပတ်​သက်​ပြီး မြင့်ချိုပါ ၄ ဦးကို အမှတ် ၉ မြို့မရဲစခန်းမှ (ပ)၆၄၀/ ၂၀၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၈၆/၄၂၇/၁၁၄ တို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်​။
5 years Ago
Up