မန္တလေးမြို့တွင် ရွှေဆိုင်ကို ဓားကိုင်လူ ၂ ဦး ၀င်ရောက်လုယက်

May 28, 2018

မန္တလေးမြို့တွင် ရွှေဆိုင်ကို ဓားကိုင်လူ ၂ ဦး ၀င်ရောက်လုယက်

  မန္တ​လေးမြို့ ချမ်းမြသာစည်​မြို့နယ်​ ကျွန်းလုံးဥ​သျောင်​ရပ်​ကွက်​ အကွက် ​၅၀၇ ထဲမှာ ဖွင့်​လှစ်​ထားတဲ့​ ရွှေစင်​မြင့်မိုရ်​​ရွှေဆိုင်​​ကို​ ဒီနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်​​လောက်​က ဓားကိုင်​ထားတဲ့ လူ ၂ ဦးက ဝင်​​ရောက်​လုယက်​ခဲ့မှု ဖြစ်​ပွားခဲ့ပါတယ်။ အခုဖြစ်​သွားတဲ့ ဓားပြလုယက်​မှုမှာ ၁၅ ပဲရည်​ ​ရွှေလက်​​ကောက်​ ၁၀ ကွင်း၊ ၇ ကျပ်​သားခန့်​၊ တန်​ဖိုး ၆၃ သိန်းကျပ်​ဖိုး​လောက်​ လုယက်​ခံလိုက်​ရပါတယ်​။ လုယက်​မှုနဲ့ပတ်​သက်​ပြီး အမှတ် ​၁၀ ရဲစခန်းက တရားခံ ဖမ်းဆီးရမိနိုင်​​ရေးအတွက်​ ​ဆောင်​ရွက်​​နေပါတယ်​။ သတင်း - ငြိမ်းမိုးနောင်
3 years Ago
Up