မန္တလေးမြို့

A d v e r t i s e m e n t With Us

June 15, 2019

ဒေါ်အောင်ဆန်းစုကြည်အလိုမရှိကြောင်း စာရွက်များ မန္တလေးမြို့ပေါ် ဖြန့်ဝေ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်အတွင်း ဘုန်းကြီးကျောင်းတိုက်တွေအနီးမှာ ဒေါ်အောင်ဆန်းစုကြည် အလိုမရှိကြောင်း ရေးသားထားတဲ့ စာရွက်တွေ ဖြန့်ဝေမှု ဖြစ်ပွားခဲ့ပါတယ်။ ဖြန့်ဝေနေတဲ့ စာရွက်တွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရဟာ ဆရာတော်ဦးဝီရသူကို ထောင်ဒဏ်တသက်တကျွန်းထိ ချနိုင်တဲ့ပုဒ်မ ဖြစ်တဲ့ ၁၂၄ (က) နဲ့ စွဲချက်တင်ထားပါတယ်လို့ ရေးသားထားပါတယ်။ သာသနာဖျက် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပစ်ဖို့ အချိန်ရောက်ရှိပါပြီ ဘုရားဆိုတဲ့ သံဃာတော်တွေအား လှုံ့ဆော်စာတွေကို ကျောင်းတိုက်တွေနဲ့ အနီးဝန်းကျင်တွေမှာ ဖြန့်ဝေခဲတာဖြစ်ပါတယ်။ “သံဃာတော်တွေကို လှုံ့ဆော်တဲ့စာတွေ တခြားမြို့နယ်တွေမှာ ဖြန့်ဝေနေတယ်လို့ သတင်းရရချင်း မီးပွိုင့်တွေ၊ စာသင်ကျောင်းနဲ့ ဈေးကြီး တွေအနီးမှာ ကြိုတင်ပြီး လုံခြုံရေးစောင့်နေကြတာ ည ၁၁ နာရီကျော်ထိတော့ ထူးခြားတာ မတွေ့ရသေးဘူး” လို့ ချမ်းမြသာစည်မြို့နယ် အမှတ် (၃) ရပ်ကွက် ဥက္ကဋ္ဌ ဦးကျော်ကျော်ကပြောပါတယ်။ မြို့နယ်တချို့မှာ စာရွက်တွေ ဖြန့်ဝေနေတာ ဘယ်အဖွဲ့စည်းဖြစ်တယ်ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။
2 years Ago

April 20, 2019

မန္တလေးမြို့တွင် အမှိုက်ကောက် အသိပညာပေး လှုပ်ရှားမှု ပြုလုပ်

Trash Hero Mandalay နဲ့ ဖောင်တော်ဦး ဘုန်းတော်ကြီး သင်ပညာရေး တွဲဖက်အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူတွေ စုပေါင်းပြီး ဒီနေ့မနက် ၇ နာရီက မန္တလေးမြို့ နန်းရှေ့မှာ နိုင်ငံတကာ ကမ္ဘာမြေနေ့ Internation Earth Day အထိမ်းအမှတ်အနေနဲ့ အမှိုက်ကောက် အသိပညာပေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ဒီအမှိုက်ကောက် အသိပညာပေးလှုပ်ရှားမှုကို မန္တလေးမြို့ ၁၉ လမ်း၊ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေး တွဲဖက်အထက်တန်းကျောင်းရှေ့ကနေ နန်းရှေ့ဈေးထိ ပြုလုပ်ခဲ့တာပါ။ Trash Hero Mandalay အဖွဲ့ခေါင်းဆောင် ကိုကျော်ဇင်မျိုးက “ကမ္ဘာမြေပေါ်မှာ နေထိုင်ကြတဲ့ ကမ္ဘာသူကမ္ဘာသားတွေအနေနဲ့ ကိုယ်နေထိုင်တဲ့ ကမ္ဘာမြေကို ကိုယ်တိုင်ကစပြီး ဂရုတစိုက် ထိန်းသိမ်းပေးရမယ်ဆိုတဲ့ အသိတွေ နိုးကြားစေဖို့၊ အမှိုက်ကောက်ခြင်းက ရှက်စရာမဟုတ်ပဲ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းက ရှက်စရာတခုအဖြစ် မြင်လာစေဖို့နဲ့ ပြည်သူလူထုအနေနဲ့ စနစ်တကျ အမှိုက်များကို စွန့်ပစ်စေလို့တဲ့အပြင် ပလတ်စတစ်အိတ်၊ ပလတ်စတစ်ဘူး စတဲ့ ပလတ်စတစ်နဲ့ဆိုင်တဲ့ ပစ္စည်းတွေကို သုံးစွဲမှု လျော့ချစေဖို့ ရည်ရွယ်ပြီး အခုလို့ အသိပညာပေးနေတာပါ” လို့ ပြောပါတယ်။ ဖောင်တော်ဦးဘုန်းတော်ကြီး သင်ပညာရေးတွဲဖက်အထက်တန်းကျောင်းမှ ဆရာမ ဒေါ်မိုးမမဇော်က “ကမ္ဘာမြေနေ့ကို ၁၉၇၀ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က ပထမအကြိမ် ကျင်းပခဲ့ပါတယ်။ အခုနှစ်မှာ ၄၉ ကြိမ်မြောက် ရှိပြီးဖြစ်ပါတယ်။ ကမ္ဘာမြေနေ့မှာ ကမ္ဘာမြေငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ရည်မှန်းချက်နဲ့ စတင်လှုပ်ရှားခဲ့ကြပါတယ်။ ဒီနေ့ခေတ်နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုများ ထိန်းသိမ်းရေး လုပ်ငန်းများပါ ပူးတွဲရည်မှန်းပြီး ကျင်းပလာကြတာပါ” လို့ ဆိုပါတယ်။ နိုင်ငံတကာ ကမ္ဘာမြေနေ့ Internation Earth Day ကို နိုင်ငံပေါင်း ၂၀၀ ကျော်မှာ နှစ်စဉ် ဧပြီ ၂၂ ရက်နေ့ ကျင်းပကြတယ်လို့ သိရပါတယ်။
2 years Ago
More News
Up