မန္တလေးထောင်မှ  ၁၀ တန်းအောင် အကျဉ်းသား ၃ ဦးကို လွတ်​ငြိမ်းခွင့်ပေး

August 20, 2018

မန္တလေးထောင်မှ  ၁၀ တန်းအောင် အကျဉ်းသား ၃ ဦးကို လွတ်​ငြိမ်းခွင့်ပေး

မန္တလေး ​အောင်​​မြေသာစံမြို့နယ်​ရှိ အိုးဘိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၃ ဦးကို  သြဂုတ် ၁၈ ရက်​က ပြစ်ဒဏ်လျှော့ပေးပြီး လွတ်​ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်​​ပေးလိုက်ပါတယ်။ မန္တ​လေး အကျဉ်းထောင်စာစစ်ဌာနကနေ တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၅၅ ဦးရှိခဲ့ပြီး သုံးဘာသာဂုဏ်ထူး ၄ ဦး၊ နှစ်ဘာသာဂုဏ်ထူး ၄ ဦး ၁ ဘာသာဂုဏ်ထူး ၁၃ ဦးနဲ့ ရိုးရိုးအောင် ၆ ဦး ရှိခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့လို့ အောင်မြင်သူခဲ့သူတွေထဲက ၃ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွှတ်​​ပေးလိုက်​တာဖြစ်ပြီး  နှစ်ဘာသာနဲ့အထက် အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးကို ပြစ်ဒဏ်တ၀က်လျှော့ပေါ့ပေးလိုက်ကာ တစ်ဘာသာနဲ့ ရိုးရိုးအောင်မြင်သူ ၇ ဦးကို တော့ ပြစ်ဒဏ်ရဲ့ လေးပုံတပုံ လျှော့ပေးခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်တဲ့သူတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်နိုင်ဖို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနကို လွှဲထားတယ်လို့ မန္တ​လေးအိုးဘို (ဗဟို)ကျဉ်းထောင်  တာဝန်ရှိသူတဦးက​ ပြောပါတယ်​။ အရင်က မန္တလေးထောင်ကနေ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် အကျဉ်းသူ အကျဉ်းသားတွေကို ရန်ကုန်အင်းစိန်ကို ပို့ဆောင်ဖြေဆိုစေခဲ့တာပါ။ ၂၀၁၆ - ၂၀၁၇ ခုနှစ် ပညာသင်နှစ်မှာ​တော့ ပညာရေးဝန်ကြီးဌာနနဲ့ အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အိုးဘိုအကျဉ်းထောင် စာစစ်ဌာနတခု တိုးချဲ့ခဲ့တာလည်းဖြစ်​ပါတယ်​။ အခု၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်​မှာ​တော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဖို့ မန္တ​လေး အိုးဘိုဗဟိုအကျဉ်း​ထောင်​မှာ ကျောင်းသား ကျောင်းသူစုစု​ပေါင်း ၇၈ ဦးရှိပါတယ်​။
3 years Ago
Up