မန္တလေးအလုံပိတ်ခန်းဆိုင်ပိုင်ရှင်နှင့် တာဝန်ခံများကို ဖမ်းဆီးထောင်ချ

January 16, 2018

မန္တလေးအလုံပိတ်ခန်းဆိုင်ပိုင်ရှင်နှင့် တာဝန်ခံများကို ဖမ်းဆီးထောင်ချ

  မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်​​တော်​ကြီး ကန်​ပတ်​လမ်းမှာ အလုံပိတ်​အခန်းတွေ ပြုလုပ်ပြီး စုံတွဲတွေ လက်ခံဆောင်ရွက်နေတဲ့ ဆိုင်တွေရဲ့ ပိုင်ရှင်နဲ့ တာဝန်ခံတွေကို ဖမ်းဆီး ထောင်ချလိုက်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ပါတယ်။ အလုံပိတ်ဆိုင် ၉ ဆိုင်ကို စည်ပင်ရဲ၊ ဝန်ထမ်းတွေနဲ့ နယ်မြေခံရဲတွေက ဇန်နဝါရီ ၁၃ ရက်မှာ ဝင်ရောက်စစ်ဆေးဖမ်းခဲ့တာပါ။ စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး) က တပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအောင်က “အဓိက ကတော့ ကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ စည်ပင်နယ်နမိတ်ထဲမှာ ကော်မတီက ခွင့်မပြုတဲ့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်တာပေါ့။ မနေ့ကပဲ ထောင်ဒဏ် ၆ လစီချလိုက်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ အမျိုးသမီးတယောက်အပါအဝင် ပိုင်ရှင်နဲ့ တာဝန်ခံ ၉ ယောက်ကို စည်ပင်သာယာ အထူးတရားရုံးက ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ ဒီထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဖမ်းဆီးဒဏ်ငွေရိုက်ခဲ့တဲ့ လုပ်ငန်းလေးခုလည်း ပါပါတယ်။
4 years Ago
Up