မန္တလေးမဟာမုနိဘုရားကြီး နံနက်အာရုဏ် မျက်နှာသစ်တော်ရေပူဇော်

A d v e r t i s e m e n t With Us

August 20, 2018

မန္တလေးမဟာမုနိဘုရားကြီး အလှူခံပုံးထဲက အလှူငွေနှင့် ရွှေဆိုင်းများခိုးယူခံရ

မန္တလေး မဟာမုနိဘုရားကြီး ဂေါပကရုံး စတိုခန်းအတွင်း သိမ်းဆည်းထားတဲ့ အလှူခံပုံးထဲက အလှူငွေတွေနဲ့ ရွှေဆိုင်းတွေ ခိုးယူခံခဲ့ရတယ်လို့ နယ်မြေရဲစခန်းက သိရပါတယ်။ ဘုရားကြီး ဂေါပကအဖွဲ့က ရဲစခန်းကို အကြောင်းကြားခဲ့တာ​ကြောင့် မြို့မရဲစခန်မှူးနဲ့ တာဝန်​ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ သြဂုတ် ၁၈ ရက် ည ၉ နာရီခွဲလောက်က လူတဦးဝင်ရောက်လာကာ အလှူခံပုံးမှန်တွေရိုက်ခွဲပြီး အလှူခံပုံးထဲက ငွေတွေ ယူဆောင်သွားတာကို ဘုရားကြီးမှာ တပ်ဆင်ထားတဲ့ CCTV မှတ်တမ်းအရ အတည်ပြုနိုင်ခဲ့ပါတယ်။ ခိုးယူသွားသူဟာ  မဟာမုနိဘုရားကြီးမှာ လုံခြုံရေးဝန်ထမ်း တာဝန်​ထမ်း​ဆောင်​​နေတဲ့ ​ကျော်​​ဇေယျ ဖြစ်​​နေတာ​ကြောင့် သူနေထိုင်တဲ့ ချမ်းမြသာစည်​မြို့နယ်​၊ ကံသာယာရပ်ကွက်​ရှိ ဝန်​ထမ်းလိုင်းခန်း​ကို သွားရောက်ရှာဖွေရာမှာ ငွေသားကျပ်​ ၃၆ သိန်းကျော်၊ နိုင်ငံခြားငွေတွေ၊ ရွှေဆိုင်းတွေနဲ့အတူ  ဖမ်းဆီးရမိခဲ့ပါတယ်။ ဖောက်​ထွင်းခိုးယူခဲ့သူ ကျော်ဇေယျကို ချမ်းမြသာစည် မြို့မရဲစခန်းက​ (ပ) ၃၅၆/၂၀၁၈ ပပက ၆ (၁) နဲ့ အမှုဖွင့်အ​ရေးယူထားတယ်လို့  တာဝန်​ရှိသူက​ ပြောပါတယ်​။
3 years Ago

July 8, 2017

မန္တလေးမဟာမုနိဘုရားကြီးတွင် ပြည်သူများ သိန်းချီ လာရောက်ဖူးမြော် (ဓာတ်ပုံ)

ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ မန္တလေးမြို့ မဟာမုနိဘုရားကြီးမှာ ပြည်သူတွေ သိန်းနဲ့ချီ လာရောက်ဖူးမျော်နေကြပါတယ်။ မြန်မာသက္ကရာဇ် ၁၃၇၉ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ မြန်မာနိုင်ငံက တန်ခိုးကြီးဘုရားတွေမှယ သက်ကြီးရွယ်အိုးတွေနဲ့ လူငယ်တွေ များပြားနေပါတယ်။ သတင်းဓါတ်ပုံ-အောင်အောင်
4 years Ago
Up