မန္တလေးတွင် အဆောက်အဦဟောင်းဖြိုချရာမှလူ ၁ ဦး သေဆုံး

August 30, 2017

မန္တလေးတွင် အဆောက်အဦဟောင်းဖြိုချရာမှလူ ၁ ဦး သေဆုံး

  မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်မှာရှိတဲ့ အဆောက်အအုံဟောင်းကို ဖြိုဖျက်ရာကနေ ဒီနေ့ နေ့လည်ပိုင်းမှာ ကြမ်းပြင်ပြိုကျပြီး  အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ နယ်မြေရဲစခန်းမှူးက ပြောပါတယ်။ ပေ ၃၀ လောက်အမြင့်က စလစ်ပြင် အင်္ဂတေပြားဟောင်းကို ဖြိုချရာကနေ ပြိုကျပြီး အလုပ်သမားတစ်ယောက်ကို ပိမိ သေဆုံးခဲ့တာပါ။ အမှတ် ၉ ရဲစခန်းမှူး ဒုရဲမှူး မောင်မောင်ဌေးက“ လောလောဆယ်တော့ အရပ်ခေါ် နာမည်ပဲ သိရသေးတယ်။ နှစ်ပေလို့ ခေါ်ပါတယ်။ သေမှုသေခင်း အမှတ်စဉ် ၁၅ နဲ့ ဖွင့်ပြီး ဆက်စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။ သေဆုံးသူဟာ မြစ်ငယ်မြို့မှာ နေထိုင်သူလို့ သိရပြီး အလုပ်သမား ၅ ယောက်လောက်နဲ့အတူ အင်္ဂတေပြားအဟောင်းကို ဖြိုရင်း မတော်တဆ ပြိုကျခဲ့တာပါ။ ပြိုကျပြီး မကြာခင်မှာပဲ မီးသတ်က လာရောက်ကယ်ထုတ်ခဲ့ပေမယ့် ဆေးရုံအရောက်မှာ အဆိုပါ အလုပ်သမား သေဆုံးခဲ့ တယ်လို့လည်း သိရပါတယ်။ ဓာတ်ပုံ - အောင်အောင်နိုင်  
4 years Ago
Up