မန္တလေးတွင် မိုးသည်းထန်လေပြင်းတိုက်ခတ်၊ ဓာတ်တိုင်များ ပြိုလဲ

April 26, 2018

မန္တလေးတွင် မိုးသည်းထန်လေပြင်းတိုက်ခတ်၊ ဓာတ်တိုင်များ ပြိုလဲ (ဓာတ်ပုံ)

  မန္တ​လေးမြို့မှာ ဧပြီ ၂၆ ရက်​​ မွန်းလွဲ ၁ နာရီလောက်က  မိုးသည်းထန်​စွာရွာသွန်းခဲ့ပြီး ​လေပြင်းတွေတိုက်​ခတ်​ခဲ့တာ​ကြောင့် ​အောင်​​မြေသာစံမြို့နယ်​ ​ညောင်​ကွဲရပ်​ကွက်​ ကမ်းနားလမ်းမှာရှိတဲ့ ကွန်​ကရစ်​ဓာတ်​မီးတိုင် ​​၁၈ တိုင် ​လမ်း​ပေါ်ကို ပြိုလဲသွားပါတယ်​။ ​လေပြင်းတိုက်​ခတ်​မှု​ကြောင့် ဓာတ်​တိုင်​​တွေပြိုလဲခဲ့​ပေမယ့် လူ​တွေ ထိခိုက်​ဒဏ်​ရာတာေ တော့ မရှိဘူးလို့ သိရပါတယ်။ ​မန္တ​လေးတိုင်း​ဒေသကြီး မြန်​မာ့လျှပ်​စစ်​ဓာတ်​အား​ကော်​ပို့​ရေးရှင်း မန္တ​လေးမြို့​တော်​ စည်​ပင်​သာယာ​ရေး​ကော်​မတီနဲ့ မီးသတ်​တပ်​ဖွဲ့ဝင်​​တွေ စု​ပေါင်းပြီး ဓာတ်​မီးတိုင်​​တွေကို အစားထိုး လဲလှယ်​ပြုပြင်​​တာ​တွေကို အမြန်​ဆုံးလုပ်​​ဆောင်​​ပေး​နေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - အောင်အောင်နိုင်၊ ငြိမ်းမိုးနောင်
3 years Ago
Up