မန္တလေးတွင် တန်ဖိုးနည်းအိမ်ယာ မဲနှိုက်

A d v e r t i s e m e n t With Us

May 30, 2016

မန္တလေးတွင် တန်ဖိုးနည်းအိမ်ရာ မဲနှိုက်

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှာ ဧရာဝတီမြစ်ကမ်းဘေးက ကျူးကျော်တွေကို အငှားချထားပေးဖို့ ဒီနေ့ မနက်ပိုင်းက မဲနှိုက်ခဲ့ပါတယ်။ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉ လမ်း မင်းတဲအီကင်းကမ်းနားလမ်းရှိ တန်ဖိုးနည်း အိမ်ရာစီမံကိန်းအတွက် ကာယနဲ့လုပ်ကိုင်နေသူတွေကို အငှားချထားပေးဖို့ စာရွက်စာတမ်းနဲ့ အထောက်အထားပြည့်စုံသူတွေ မဲနှိုက်ခဲ့ကြတာပါ။ “၁ လကို ၃ သောင်းကျပ်နဲ့ ငှားရမ်းနေထိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးပြီး ဇွန်လ ၁ ရက်နေ့မှာ ငွေ ၃ သောင်းကို တရားဝင်ပေးသွင်းရမှာ ဖြစ်ပြီး ဇွန် ၇ ရက်နေ့မှာ စတင်နေထိုင်ခွင့်ပြုမယ်”လို့ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီဝင် (၄) ဦးတင်မောင်အေးက ပြောပါတယ်။
5 years Ago
Up