မန္တလေးတွင်ဖမ်းဆီးခံရသူ

May 18, 2018

စစ်ပွဲရပ်တန့်ရေးတောင်းဆိုသဖြင့် မန္တလေးတွင်ဖမ်းဆီးခံရသူ ၂ဦးအမှု ရုံးထုတ်

တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေရပ်ရေးနဲ့ ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက် ရေးအတွက် မန္တလေးမှာ တောင်းဆိုမှုကြောင့် ဖမ်းဆီးခံရတဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ကိုစိုးမိုးနိုင်တို့အမှုကို  နောက်တစ်ပတ်ရုံးချိန်း မေလ ၂၂ ရက် မှာ အမိန့်ချသွားမယ်လို့ သိရပါတယ်။ ဒီကနေ့ မေလ ၁၈ ရက်က ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ သူတို့ကို ရုံးထုတ်ခဲ့ပြီး တရားလိုနဲ့ တရားလိုပြသက်သေ လေးဦးကိုလည်း အပြီးစစ်ဆေးခဲ့ပါတယ်။ ကိုအောင်မှိုင်းဆန်းနဲ့ ကိုစိုးမိုးနိုင်တို့ကို ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ဖမ်းဆီးနေတာဖြစ်ပြီး သူတို့ကတော့ တရားစီရင်ရေးအပေါ် အယုံအကြည်မရှိတဲ့အတွက် တရားရုံးကိုသပိတ်မှောက်ထားပါတယ်။ နိုင်ငံရဲ့ခေါင်းဆောင်တွေအနေနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သဘောထားထုတ်ပြန်ဖို့ပျက်ကွက်နေတယ်လို့လည်း ကိုအောင်မှိုင်းဆန်းကပြောပါတယ်။ ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုမှုကို မေလ ၆ ရက် က ပြုလုပ်ခဲ့တာဖြစ်ပြီး တောင်းဆိုသူတွေထဲက ကိုအောင်မှိုင်းဆန်း ၊ ကိုစိုးမိုးနိုင် (ခ) ကိုဒိန်းဒေါင် နဲ့ ကဗျာဆရာ ကလင့် (မန္တလေး) တို့ကို ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
3 years Ago
Up