မန္တလေးတွင်ကျင်းပ (ဓာတ်ပုံ)

January 26, 2018

၆၉ နှစ်မြောက် အိန္ဒိယသမ္မတနိုင်​ငံ​တော်​​နေ့ အခမ်းအနားမန္တလေးတွင်ကျင်းပ (ဓာတ်ပုံ)

၆၉ နှစ်​​မြောက်​ အိန္ဒိယသမ္မတနိုင်​ငံ​တော်​​နေ့ အလံတင်​အခမ်းအနားကို မန္တ​လေးချမ်းမြသာ စည်​မြို့နယ်​က အိန္ဒိယ​ကောင်​စစ်​ဝန်​ရုံးမှာ ဒီက​နေ့မနက်​ ၁၀ နာရီက ကျင်းပပါတယ်​။ အိန္ဒိယ​ကောင်​စစ်​ဝန်​ချုပ်​ နန္ဒာဆင်းဂ်ဘဟလ်ဆိုရာက အိန္ဒိယနိုင်​ငံသမ္မတကြီးရဲ့ မိန့်ခွန်းသ၀ဏ်လွှာကိုဖတ်​ကြားခဲ့ပြီး အိန္ဒိယနိုင်​ငံရဲ့ ယဉ်​​ကျေးမှုအက ​တေးသီချင်းတွေနဲ့ ဧည့်​ခံဖျော်ဖြေခဲ့ပါတယ်​။ ဒီအခမ်းအနားကို အိန္ဒိယနိုင်​ငံ မဏိပူရပြည်​နယ်​က အားကစားနဲ့လူငယ်​​ရေးရာဝန်​ကြီးနဲ့ အားကစားသမားတွေ၊ အိန္ဒိယစီးပွား​ရေးလုပ်​ငန်းရှင်တွေ၊ မန္တ​လေးတိုင်းပြင်​ဦးလွင်​မြို့က အိန္ဒိယနွယ်​ဖွားတွေ၊ မြန်​မာပြည်ထဲက အိန္ဒိယနွယ်​ဖွားတွေနဲ့အတူ မန္တ​လေးတိုင်း အားကစားနဲ့ကာယသိပ္ပံ​ ကျောင်းက​ကျောင်းအုပ်​ကြီး ဦးမျိုးမြင့်​​အောင်​နဲ့ သက်​ဆိုင်​ရာ တာဝန်​ရှိသူတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။
4 years Ago
Up