မန္တလေးတွင်ကျင်းပသည့် လက်ဝှေ့ပွဲတွင် စောဂေါ်မူတိုနှင့် သွေးသစ်ဝင်းလှိုင်တို့ သရေကျ

October 9, 2017

မန္တလေးတွင်ကျင်းပသည့် လက်ဝှေ့ပွဲတွင် စောဂေါ်မူတိုနှင့် သွေးသစ်ဝင်းလှိုင်တို့ သရေကျ

မန္တလေးမြို့မှာ အောက်တိုဘာ ၈ ရက်က ကျင်းပတဲ့ ရိုးရာကျားတို့ အားပြိုင်ပွဲ အမှတ်စဉ် ၅ လက်ဝှေ့ပွဲမှာ တွဲဆိုင်း ၁၀ ပွဲ ထိုးသတ်ခဲ့ပြီး ၃ ပွဲပဲ အနိုင်အရှုံး အဖြေထွက်ခဲ့ပါတယ်။ အဓိကတွဲဆိုင်းဖြစ်တဲ့ စောဂေါ်မူတိုနဲ့ သွေးသစ်ဝင်းလှိုင်တို့ပွဲမှာ ၅ ချီပြီးဆုံးတဲ့အထိ အလဲထိုးနိုင်ခြင်း မရှိတာကြောင့် ပူးတွဲသရေကျခဲ့ပါတယ်။ ဒီပွဲမှာ စောဂေါ်မူတိုက လက်ရည်အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့ပေမယ့် သွေးသစ်ဝင်းလှိုင်ကလည်း အကောင်းဆုံး ယှဉ်ပြိုင်ခဲ့လို့ ပူးတွဲသရေကျခဲ့တာပါ။ တခြားတွဲဆိုင်းတွေမှာ လွမ်းချိုင်းက စိန်လုံးချောကို စတုတ္ထအချီမှာ အနိုင်ရခဲ့ပြီး ထွန်းနိုင်ဦးက ဗထူးမောင်၊ မိုက်ရိုင်းက ရန်နိုင်ထွန်းတို့ကို အလဲထိုးပြီး အသီးသီး အနိုင်ရခဲ့ပါတယ်။ တခြားတွဲဆိုင်းတွေဖြစ်တဲ့ သပြေအောင်နဲ့ သိန်းစိုး၊ ဒေါင်းဖြူလေးနဲ့ ဇွဲရွှေကို၊ စောထူးဇော်နဲ့ ပတ်ကျော်လင်းနိုင်၊ ထွန်းလွင်မိုးနဲ့ စောမင်းမင်း၊ ဖိုးလပြည့်နဲ့ စောဘဦးတို့ ပွဲစဉ်တွေမှာတော့ ၅ ချီပြီးတဲ့အထိ အရှုံးအနိုင်မပေါ်ခဲ့လို့ ပူးတွဲသရေကျခဲ့ပါတယ်။
4 years Ago
Up