မန္တလေးတက္ကသိုလ်ကိုထူထောင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင် ဦးရာဇတ်ကြေးရုပ်တုကို ကျောင်းဝင်းထဲက ရာဇတ်ခန်းမဆောင်ရှေ့မှာ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ စိုက်ထူ ဖွင့်လှစ်ခဲ့ပါတယ်။
မန္တလေးကောလိပ်နှင့် တက္ကသိုလ်ထူထောင်သူ အမျိုးသားစီမံကိန်းနှင့်ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးရာဇတ်ကြေးရုပ်တုဖွင့်ပွဲကို နိုဝင်ဘာလ ၂၄ ရက်၊ မနက် ၁၀ နာရီက မန္တလေး တက္ကသိုလ်၊ ရာဇတ်ခန်းမဆောင်ရှေ့မှာ ကျင်းပနေတာပါ။ ရုပ်တု ထုလုပ်စိုက်ထူရေးအတွက် မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်းတွေစုပေါင်း လုပ်ဆောင်ကြပြီး ဦးရာဇတ်ရဲ့ မိသားစုဝင် တွေကလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒေါက်တာမျိုးသိန်းကြီးနှင့် ပြည်သူလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးတွေ၊ တက္ကသိုလ် ပါမောက္ခတွေနဲ့ ဆရာဆရာမတွေ၊ စိတ်ပါဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဆရာကြီးဦးရာဇတ်ဟာ ၁၉၂၅ခုနှစ်မှာ မန္တလေးဥပဇာကောလိတ်ကိုစတင်တည်ထောင်ခဲ့ပြီး ၁၉၄၇ ခုနှစ်မှာ ဆရာကြီးဦးကိုလေးကို ကျောင်းအုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၅၈ ခုနှစ်မှာ မန္တလေးတက္ကသိုလ်အဖြစ် သီးခြား ရပ်တည်ဖွင့်လှစ် နိုင်အောင်ကြိုးစားခဲ့ပါတယ်။
6 years Ago