မန္တလေးစည်ပင်

May 10, 2019

အလုပ်လျှောက်သူများထံမှ ငွေတောင်းခံသည့် စည်ပင်ဝန်ထမ်း ၁ ဦးကို ထုတ်ပယ်

မန္တလေးမြို့ စည်ပင်ဌာနမှာ အလုပ်ရဖို့ အလုပ်လျှောက်ထားသူတွေဆီကနေ ငွေကြေးတောင်းခံတဲ့ စည်ပင်ဝန်ထမ်း ၂ ဦးထဲက တဦးကို အလုပ်က ထုတ်ပယ်လိုက်ပြီး တဦးကိုတော့ အရေးယူဖို့ လုပ်နေတယ်လို့ စည်ပင်ကော်မတီဝင်တွေက ပြောပါတယ်။ ငွေကြေးတောင်းခံသူတွေထဲမှာ စည်ပင်က စာရေး ၁ နဲ့ စာရေး ၂ အဆင့်ရှိသူနှစ်ဦး ပါဝင်နေပြီး ဥပဒေအရ အရေးယူမယ်လို့ စည်ပင်ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပါတယ်။ စည်ပင်က လစ်လပ်ဝန်ထမ်း နေရာအတွက် ပြီးခဲ့တဲ့လပိုင်းက အလုပ်ခေါ်ရာမှာ မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ ညောင်ဦး၊ ပခုက္ကူ စတဲ့ ဒေသတချို့မှာ အလုပ်ရရှိဖို့အတွက် ငွေပေးရတာတွေ ရှိတယ်လို့ သိရှိခဲ့ရပြီးနောက်ပိုင်း စုံစမ်းအရေးယူမှုတွေ စတင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်ရရှိဖို့ ငွေကြေးပေးကမ်းရသူတွေ အနေနဲ့ တိုင်ကြားသူတွေကို ကာကွယ်ပေးမယ်လို့ စည်ပင်က ပြောပါတယ်။ ဒါ့အပြင် စည်ပင်သာယာရေး ကော်မတီရဲ့ လစ်လပ် လုပ်ငန်းနေရာတွေမှာ အလုပ်ခေါ်ယူဖို့ အစီအစဉ်တွေလည်း ရှိနေပြီး ယာယီဝန်ထမ်း ခေါ်ယူတာကအစ သတင်းစာကနေ တရားဝင်ခေါ်ယူနေတာလို့ စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ ဝန်ထမ်းခေါ်ယူရာမှာ လူပွဲစားတွေက အလုပ်ခေါ်စာနဲ့တကွ နယ်ဒေသတွေကို သွားရောက်ပြီး လျှောက်လွှာတင်ပေးပြီးသည်အထိ တသိန်းကျပ်နဲ့ အလုပ်ရရှိပါက သုံးသိန်းကနေ ငါးသိန်းအထိ တောင်းခံနေတာလို့ ဆိုပါတယ်။ ဝန်ထမ်းအသစ်တွေ ခေါ်ယူရာမှာ ငွေကြေးတစုံတရာပေးဖို့ မလိုအပ်ဘဲ အလုပ်ခေါ်တဲ့ဌာနမှာ အခမဲ့ လျှောက်လွှာတောင်းယူကာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ အလုပ်ခေါ်ယူမှုအတွက် မည်သည့်ဒေသမှာ နေသည်ဖြစ်စေ လျှောက်ထားနိုင်ကြောင်းနဲ့ အရည်အချင်းပေါ် မူတည်ပြီး အလုပ်ခန့်ထားပေးမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။
2 years Ago

June 14, 2015

ရန်ကုန်မြို့ အမှိုက်သိမ်းခ တိုးမြှင့်မှု ၈၀ ရာခိုင်နှုန်းကျော် ကန့်ကွက်

ရန်ကုန်မြို့ရဲ့ အမှိုက်သိမ်းလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပေးပြီးနောက် အမှိုက်သိမ်းခ တိုးမြှင့်တဲ့ အစီအစဉ်ကို လူထုသဘောထားကောက်ခံရာမှာ ၈၀ ရာခိုင်နှုန်းကျော်က သဘောမတူကြောင်း ရန်ကုန်မြို့တော် စည်ပင်က သတင်းထုတ်ပြန်ပါတယ်။ စည်ပင်အနေနဲ့ အမှိုက်သိမ်းလုပ်ငန်းလုပ်ကိုင်ခွင့်အတွက် တင်ဒါခေါ်ယူပြီးနောက်ပိုင်း ပုဂ္ဂလိကကုမ္ပဏီနှစ်ခုက တင်ဒါအောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကကုမ္ပဏီနှစ်ခုက လုပ်ကိုင်ခွင့်အရ လက်ရှိစည်ပင်က သန့်ရှင်းရေးခ ကောက်ခံတဲ့ နှုန်းထားထက် ငွေကျပ် ၁၀၀၀ ပိုများတာကြောင့် လူထုက သဘောမတူတာလို့ စည်ပင်သန့်ရှင်းရေးဌာန၊ တာဝန်ရှိသူက ပြောပါတယ်။ မြို့တော်စည်ပင်က လက်ရှိကောက်ခံနေတဲ့ သန့်ရှင်းရေးခက ၁ လကို  ကျပ် ၆၀၀ ဖြစ်ပြီး၊ ပုဂ္ဂလိကကုမ္ပဏီတွေက ကောက်ခံရင် ၁ လကို ၁၆၀၀ ကျပ်ဖြစ်ပါတယ်။
6 years Ago

မော်လမြိုင်မြို့ အမှိုက်ကောက်လှုပ်ရှားမှု (ဓာတ်ပုံ)

ပလတ်​စတစ်​ ကြွပ်​ကြွပ်​အိတ်​အမှိုက်​​တွေကို စနစ်​တကျ စွန်​ပစ်​ဖို့နဲ့ သဘာဝပတ်​ဝန်းကျင်​အ​ရေး လူထု​တွေပိုမိုအာရုံစိုက်​လာ​စေဖို့ရည်​ရွယ်​ပြီး ​မော်​လမြိုင်​မြို့မှာ ဇွန်​လ ၁၄ ရက်​​နေ့က အမှိုက်​​ကောက်​လှုပ်​ရှား​နေကြတာပါ။ ​မော်​လမြိုင်​လူငယ်​ကွန်​ရက်​အဖွဲ့နဲ့ MON STATE PEACE NETWORK အဖွဲ၊ မြို့နယ်​စည်​ပင်​သာယာ​ရေး​ကော်​မတီဝင်​​တွေပူး​ပေါင်း လုပ်​​ဆောင်​​နေတာပါ။ လူအင်​အား ၅၀ ​ကျော်​ပါဝင်​တဲ့ အခုလို အမှိုက်​​ကောက်​လှုပ်​ရှားမှုကို လူငယ်​အဖွဲ့ဝင်​​တွေဟာ ပြီးခဲ့တဲ့နှစ်​ သြဂုတ်​လကတည်း တလ တကြိမ်​ အမှိုက်​​ကောက်​လာတာဖြစ်​ပြီး အခုချိန်​မှာ​တော့ မြို့နယ်​စည်​ပင်​သာယာ​ရေး ​ကော်​မတီကလည်း ပူး​ပေါင်းပါဝင်​လာတာပါ။ သတင်းဓာတ်ပုံ - ကျော်စိုး [gallery ids="97625,97626,97627,97628,97629,97630,97631,97632,97633,97634,97635,97636,97637,97638,97639,97640"]
6 years Ago
Up