မန္တလေးမြို့ စက်မှုဇုန်မှ ရေဆိုးစွန့်ပစ်တဲ့အတွက် မန္တလေးစည်ပင်သာယာရေးကော်မတီ ရေပေးရေးနဲ့ အညစ်ကြေးသန့်စင်မှုဆိုင်ရာ နည်းဥပဒေတွေအတိုင်း လုပ်ဆောင်ဖို့အစီအစဉ်ရှိ မရှိ အမရပူရ လွှတ်တော်ကိုယ်စားလှယ်က ဒီနေ့ မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။
မန္တလေးမြို့တော်ဝန်က ရေဆိုးသန့်စင်ဖို့တင်ဒါပေးခဲ့တဲ့ ကုမ္ပဏီဟာ ၂၀၁၅မှာ စီမံကိန်း လုပ်ပိုင်ခွင့်ရခဲ့ပါတယ်၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးနဲ့ မြေဧကလိုအပ်ချက်ကြောင့် ၂၀၁၆မှာ ပြင်ဆင်စာချုပ်ချုပ်ခဲ့တယ်။ ဒါပေမယ့် လုပ်ငန်းဆောင်ရွက်နေစဉ် ၃၀ ရာခိုင်နှုန်းအပြီးမှာ ဒီဇိုင်းနဲ့ပတ်သက်ပြီး ၃ ကြိမ် ဆွေးနွေးခဲ့ပါသေးတယ်။
မြေသားကန်အစား ကွန်ကရစ်နဲ့ တည်ဆောက်သွားဖို့နဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်ရပြီးရင် စီမံကိန်းကို ဆက်လက်အကောင်ထည်ဖော်မှာ ဖြစ်ပါတယ်။ စီမံကိန်းကာလက ၁ နှစ် ၆ လကြာမှာဖြစ်ပါတယ်။ ဒါပြီးမှ စက်မှုဇုန် ရေဆိုးသန့်စင်စက်ရုံအတွက် အကောင်ထည်ဖော်နိုင်မှာဖြစ်ပါတယ်လို့လည်းဆိုပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရသုံးစာရင်းနဲ့ လုပ်ငန်းအကောင်ထည်ဖော် ဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနဲ့ စပ်လျဉ်းပြီးလည်း ဒီကနေ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးကြပါတယ်။
3 years Ago