မန္တလေးကျုံးဘေးတွင် ငြိမ်းချမ်းရေး

February 7, 2017

မန္တလေးကျုံးဘေးတွင် ငြိမ်းချမ်းရေး အလံတိုင် ၂၀၀ ကျော် စိုက်ထူ (ဓာတ်ပုံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း၊ ဘီလမ်း၊ ကျုံးဘေးတွင် ငြိမ်းချမ်းရေး မြတ်နိုးသူများအဖွဲ့မှ အဖွဲ့ဝင်အင်အား ၁၅၀ ကျော်နဲ့ အလံတိုင် ၂၀၀ ကျော်ကို ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က စိုက်ထူကြရာ အောင်မြေသာစံမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းလှိုင်က တားမြစ်ပိတ်ပင်ခဲ့တာကြောင့် ၂၆ လမ်း ၈၀ လမ်းမှ ၂၂ လမ်းအထိ နေရာပြောင်းရွှေ့ပြီး ငြိမ်းချမ်းရေးအလံများကို စိုက်ထူနေကြပါတယ်။ ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့ကို ဦးဆောင်သူမှာ ဦးမြင့်ချို ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီရုံးရှေ့ ဖြစ်နေတဲ့အတွက် ခွင့်မပြုတာလို့ ဦးမြင့်ချိုက ပြောပါတယ်။
4 years Ago
Up