မှုခင်းသတင်းထောက်ကတ်ပြ

September 1, 2017

မှုခင်းသတင်းထောက်ကတ်ပြ ပိုက်ဆံတောင်းသူကို ဖမ်းဆီး

ကလေးမြို့နယ် ထောက်ကြန့်ရွာမှာ မနေ့က နေလယ် ၂ နာရီလောက်က မှုခင်းသတင်းထောက်ကတ်ပြ ပိုက်ဆံတောင်းတဲ့ လူတဦးကို ကျေးရွာဒေသခံတချို့နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းဖမ်းဆီးလိုက်ပါတယ်။ “အခု သူပြတဲ့ CIJ မှုခင်း သတင်းစိစစ်ရေးကတ်တွေကို သြဂုတ် ၁ ရက်နေ့ကတည်းက ပြန်သိမ်းနေပါတယ်။ ခု လူက ကျနော်တို့ တိုင်း ခရိုင် မြို့နယ် ဖွဲ့စည်းပုံထဲလည်း မပါဘူး။ ကတ်ကို ချင်းဆိုင်ရွာက နေလင်းထွန်း(ခ)ညီငယ် ဆိုတဲ့ လူက ထုတ်ပေးတာလို့ သိရတယ်။ ကျနော်တို့ကတော့ ဥပဒေနဲ့အညီ တရားစွဲမယ်။ ကတ်ကိုတော့ ဘယ်လို ရလာလဲ စစ်ဆေးသွားမှာပါ" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မှုခင်းသတင်းထောက်များနှင့် မှုခင်းကလောင်ရှင်များအသင်း စစ်ကိုင်းတိုင်းတာဝန်ခံ ဦးဝင်းမောင်က ပြောပါတယ်။ လက်ရှိမှာတော့ ကတ်ပြ ငွေတောင်းသူကို ဥပဒေအတိုင်း ဆောင်ရွက်နိုင်ရေး ကလေးမြို့မ ရဲစခန်းက စစ်ဆေးနေပါတယ်။ သတင်း - မင်းရဲစစ်နိုင်
4 years Ago
Up