မဖြိုးဖြိုးအောင်

February 17, 2016

ဖမ်းဆီးထိန်းသိမ်းခံ ကျောင်းသားခေါင်းဆောင်များ၏ ဖွင့်ဟချက် (ရုပ်သံ)

ဗကသ ကျောင်းသားများ တောင်းဆိုချက် ၁၁ ချက် ရရှိဖို့အတွက် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းတွေနဲ့ နောင်အစိုးရအသစ် လက်ထက်အထိ ဆောင်ရွက်သွားမယ်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုက ပြောပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်စဉ် အခုလို ပြောကြားခဲ့တာပါ။ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့အပေါ် ကျောင်းသားခေါင်းဆောင်အသီးသီးရဲ့  ပြောကြားချက်တွေကို စုစည်းတင်ပြထားပါတယ်။ ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ပြောကြားချက်အပြည့်အစုံ မဖြိုးဖြိုးအောင် ပြောကြားချက် အပြည့်အစုံ ကိုအောင်မှိုင်းဆန်း ပြောကြားချက် အပြည့်အစုံ ကိုသီဟ၀င်းတင် ပြောကြားချက် အပြည့်အစုံ ရုပ်သံ - ဇေယျာ
6 years Ago

September 14, 2015

Human Rights Tulip ဆုအတွက် မဖြိုးဖြိုးအောင် မဲအများဆုံးဖြင့် ဦးဆောင်

နယ်သာလန်နိုင်ငံခြားရေးဌာနက ၂၀၁၅ အတွက် ပေးအပ်မယ့် Human Rights Tulip ဆုအတွက် အွန်လိုင်းကနေ ဆန္ဒမဲပေးနေရာမှာ မြန်မာနိုင်ငံက ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် မဲအများဆုံးနဲ့ ဦးဆောင်နေပါတယ်။ မဖြိုးဖြိုးအောင်က စက်တင်ဘာ ၁၃ ရက်နေ့အထိ မဲပေါင်း ၂ သောင်း ၆ ထောင်ကျော်နဲ့ ဦးဆောင်နေပြီး အာဖဂန်နစ္စတန်က ပညာရေးကိစ္စတွေကို လုပ်ဆောင်နေတဲ့ ကျောင်းဆရာ အဇီဇူလာခ်ျ ရွန်ရက်စ် (Azizullah Royesh) က မဲပေါင်း ၁ သောင်း ၄ ထောင် ၅ ရာကျော်နဲ့ ဒုတိယနေရာမှာ လိုက်နေပါတယ်။ အီရန်က သတင်းထောက် မာဇီရာ ဘဟာရီကလည်း မဲပေါင်း ၁ သောင်း ၄ ထောင်ကျော်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ Human Rights Tulip ဆု နာမည်စာရင်းကို အွန်လိုင်းကနေ စက်တင်ဘာ ၁၆ ရက်နေ့မှာ မဲပေးတာတွေ ပြီးဆုံးမှာပါ။ မဖြိုးဖြိုအောင်ဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ တောင်းဆို လှုပ်ရှားခဲ့မှုကြောင့် ဖမ်းဆီးခံနေရပါတယ်။ Human Rights Tulip ဆုရွေးချယ်ခံရတဲ့သူဟာ ယူရိုငွေ ၁ သိန်း ဆုချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။
6 years Ago
Up