မဖြိုးဖြိုးအောင်

September 10, 2015

လူ့အခွင့်အရေး ကျူးလစ်ဆု ဖြိုးဖြိုးအောင်ကို မဲပေးနိုင်ပြီ

နယ်သာလန်နိုင်ငံခြားရေး ၀န်ကြီးဌာနက လူအခွင့်အရေး ကျူးလစ်ဆုကို ချီးမြှင့်ဖို့ လျာထားခံရသူ ၃၀ထဲမှာ မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အကျဉ်းကျခံ ဆောင်ရွက်နေတဲ့ မဖြိုးဖြိုးအောင်ကို ရွေးချယ်ထားပါတယ်။ မဖြိုးဖြိုးအောင်နဲ့ အတူး ရွေးချယ်ခံထားရတဲ့သူတွေအထဲမှာ စစ်အုပ်ချုပ်ရေးအောက်မှာ တရားမျှတရေးလုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံက ရှေ့နေတွေ၊ တောင်အာဖရိကက လူတွေကို စောင့်ရှောက်ပေးနေတဲ့သူတွေ၊ ဘင်္ဂလားဒေ့ရှ်မှာ လူ့အခွင့်အရေး ကြိုးစားနေသူတွေလည်း ပါဝင်ပါတယ်။ မဖြိုးဖြိုးအောင်ကို ဒီဆုအတွက် မဲပေးချင်သူတွေက http://www.humanrightstulip.nl/candidates-and-voting/phyoe-phyoe-aung အင်တာနက် စာမျက်နှာမှာ မဲပေးနိုင်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ထောက်ခံပြီး ခုခံကာကွယ်သူတွေရဲ့ သတ္တိအတွက် ရည်ရွယ်ပေးအပ်တာ ဖြစ်ပါတယ်။ ဒီဆုကို ၂၀၀၈ ခုနှစ်ကနေ စတင်ပြီး ကမ္ဘာတ၀န်းက လူပုဂ္ဂိုလ် တဦးခြင်း၊ အဖွဲ့လိုက်တွေကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ချီးမြှင့်ခံရပါက ပေါင် ​၁ သိန်းကို လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအတွက် ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။
6 years Ago

August 25, 2015

ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် မွေးနေ့ သာယာဝတီတရားရုံးတွင် ကျင်းပ (ဓာတ်ပုံ)

ဒီနေ့ သြဂုတ် ၂၅ ရက်နေမှာ ကျရောက်တဲ့ ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ရဲ့ ၂၇ နှစ်ပြည့်မွေးနေ့ကို ဒီနေ့ သာယာဝတီ တရားရုံးအထုတ်မှာ ကျင်းပပြုလုပ်သွားပါတယ်။ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တယောက်ဖြစ်သလို သပိတ်မှောက်ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီဝင် တဦးလည်းဖြစ်တဲ့ မဖြိုးဖြိုးအောင်ဟာ အခုနှစ်ရဲ့ ပြည်သူ့ဂုဏ်ရည်ဆုရှင် တယောက်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီ ပညာရေး ပြုပြင်ပြောင်းလဲမှုကို တောင်းဆိုခဲ့တဲ့ ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွဲခံခဲ့ရပြီး အခုလက်ရှိ သာယာဝတီအကျူဉ်းထောင်မှာ ဖမ်းဆီးထိန်သိမ်းခံထားရပါတယ်။ လက်ရှိ ၅ ခုထက်မနည်းတဲ့ အမှုတွေနဲ့ တရားစွဲဆိုထားပြီး ဒီနေ့မှာတော့ သာယာဝတီခရိုင် တရားရုံးမှာ ၁၈ ကြိမ်မြောက် ရုံးထုတ်ရာမှာ မဖြိုးဖြိုးအောင်ရဲ့ ၂၇ နှစ်ပြည့်မွေးနေ့ကို သူ့မိတ်ဆွေတွေက ကျင်းပပြုလုပ်ပေးတာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော်
6 years Ago
Up