မှော်ဝမ်းဈေး

October 13, 2021

ဖားကန့်မြို့နယ် မှော်ဝမ်းဈေးအတွင်း ဗြောက်အိုးများ စစ်ကောင်စီ လိုက်လံသိမ်းဆည်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ သီတင်းကျွတ် ဗြောက်အိုးမရောင်းဖို့စာထုတ်ပြန်အပြီး အောက်တိုဘာ ၁၂ ရက်က  မှော်ဝမ်းစည်ပင်သာယာဈေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတွေ ဗြောက်အိုးတွေ လိုက်လံသိမ်းဆည်းနေပါတယ်။

စစ်ကောင်းစီတပ်ဖွဲ့ဝင် ၁၀ လောက်ဟာ အရပ်ဝတ်နဲ့ လက်နက်တွေကိုင်ဆောင်ပြီး စျေးထဲမှာ ရောင်းချနေတဲ့ဗြောက်အိုးတွေ လာရောက်သိမ်းဆည်းသွားတယ်လို့  မှော်ဝမ်းစျေးထဲက စျေးသည်တစ်ဦးက ပြောပါတယ်။

“ရပ်ကွက်ထဲ ဗြောက်အိုးမရောင်းဖို့ လွန်ခဲ့တဲ့ လေးငါးရက်က စာထုတ်တာရှိတယ်။ အချို့နေရာတွေမှာ အသံချဲ့စက်နဲ့ လိုက်အော်တယ်လို့လည်း ပြောကြတယ်။ အရင်ကတော့ ဗြောက်အိုး သိမ်းတယ်ဆိုတာမကြားခဲ့ဖူးဘူး၊ ဒီနှစ်တော့ သေနတ်တွေကိုင်ပြီးကို ဗြောက်အိုးတွေ လိုက်သိမ်းတာ”

ရပ်ရွာအေးချမ်းရေးနဲ့ ပြည်သူတွေ အထိတ်တလန့်မဖြစ်စေဖို့ ရည်ရွယ်ပြီး သတင်းကျွတ်ကာလမှာ ဗြောက်အိုးရောင်းချခြင်းမပြုဖို့ ကချင်ပြည်နယ်အတွင်းက အချို့မြို့နယ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အသံချဲ့စက်နဲ့ လှည့်လည် အသိပေးတာတွေ ရှိနေပါတယ်။

1 year Ago
Up