အဇာဘိုင်ဂျန် စစ်တပ်ဟာ အာမေးနီးယားနိုင်ငံနဲ့ နယ်စပ်နားမှာ ရုရှား ရဟတ်ယာဉ်တစီးကို မတော်တဆ မှားယွင်း ပစ်ချမိခဲ့ပါတယ်။
ဒီအတွက် ရုရှားအစိုးရကို တောင်းပန်ပြီး လျော်ကြေးပေးဖို့ အဆင်သင့်ပဲလို့ အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ရုရှားရဲ့ Mi-24 ရဟတ်ယာဉ်တွေထဲက တစီးဟာ အဇာဘိုင်ဂျန် ပိုင်နက်နဲ့ အာမေးနီးယား နိုင်ငံကြား နယ်စပ်မှာ ပစ်ချခံရတယ်။
ဒါကြောင့် ရဟတ်ယာဉ်ပေါ်က လူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။
5 months Ago