မှန်စက်ရုံ

October 11, 2020

နွားထိုးကြီးတွင် ရန်ကုန် မှန်စက်ရုံက ပြန်လာသူ ၃ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်မှာ အောက်တိုဘာ ၁၀ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃ ဦး ထပ်တိုးတွေ့ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် မှန်စက်ရုံကနေ အောက်တိုဘာ ၆ ရက်နေ့က ပြန်လာပြီး နွားထိုးကြီးမြို့နယ် လက်သမားကန် ကျေးရွာမှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီး ၃ ဦးမှာ ပိုးတွေ့ရှိခဲ့တာပါ။ အောက်တိုဘာ ၉ ရက်နေ့က အာခေါင်တို့ဖတ် စစ်ဆေးရာက ပိုးတွေ့ရှိတာလို့ သိရပါတယ်။ နွားထိုးကြီးမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ကျော်ဦးက “ပိုးတွေ့လူနာ ၃ ဦးထပ်တိုးတာမှန်ပါတယ်။ လက်သမားကန် ၂ ယောက်၊ လေးရွာဆုံက ၁ ယောာ်၊ ရန်ကုန်ပြန် အမျိုးသမီး  ၃ ဦးပါ။ ခုပဲ ဆေးရုံတက်ဖို့ လူနာတွေ သွားခေါ်နေပါပြီ” လို့ ပြောပါတယ်။   နွားထိုးကြီးမြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ဒီနေ့ထိ ၈ ဦးရှိနေပြီး ၁ ဦးဆေးရုံဆင်းသွားတာကြောင့် ၇ ဦး ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေပြီး ပိုးတွေ့လူနာအားလုံးဟာ ရန်ကုန်ပြန်တွေ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - ဇာဇာမောင်၊ ဓာတ်ပုံ - မြို့နယ်ထွေ/အုပ်
7 months Ago
Up